
နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ၏သမိုင်းအကျဉ်း
၁။ နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံသည် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာများနှင့် ပတ္တာရဲစခန်းအနီးတွင်တည်ရှိပါသည်။
ဧရိယာအကျယ်အဝန်း – ၁၅.၂ဧက
မြေပိုင်ဆိုင်မှု – ဂရမ်လျှေက်ထားဆဲဖြစ်ပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ နေပြည် တော်ခရိုင်၊ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်ဆေးရုံအမှတ်(၂)ကို ၂၀၁၁ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က သွားနှင့်ခံတွင်းအထူးကု ဌာနအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကြိုတင်ဖွင့်လှစ်ခဲ့ပြီး သွားနှင့်ခံတွင်း အထူးကုဆေးရုံအဖြစ်၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ဖွဲ့စည်းပုံနှင့်အတူ ချပေး ခဲ့ပါသည်။
(၁) ဆေးကုသဆောင် ပြင်ပလူနာလက်ခံဌာနနှင့် ရုံးခန်းများ ၁ ဆောင်
သွားနှင့်ခံတွင်းပြင်ပလူနာကုသဆောင် ၁ ဆောင်
ခွဲစိတ်ဆောင် ၁ ဆောင်
(၂)ဝန်ထမ်းအိမ်ရာများ TMO နေအိမ်လုံးချင်း (ဝန်ကြီးရုံး၏ရိပ်သာဆောင်) ၁လုံး
A/S နေအိမ် (၂)ခန်းတွဲ ၁ လုံး
ဆရာမများနေအိမ် (၆) ခန်းတွဲ ၁ လုံး
အထွေထွေလုပ်သားများနေအိမ် (၄)ခန်းတွဲ ၁ လုံး
(၃) ရင်ခွဲရုံ ၁ ခု
(၄) မီးရှို့စက် ၁ လုံး
(၅) ရေရရှိမှု
1။ ရေများသိုလှောင်ရန် ဂါလံ (၂၀၀၀၀) ဆံ့မြေအောက် ရေလှောင်ကန်တစ်ခုရှိပြီး မြို့နယ်စည်ပင်သာယာရေးမှ ဖြန့်ဝေသော ရေအားအသုံးပြုပါသည်။
၂။ ဂါလံ (၅၀၀၀) ဆံ့ Over Head Tank (1)လုံးနှင့်ဂါလံ (၈၀၀)ဆံ့ Over Head Tank (1)လုံးရှိပါသည်။
၃။ (၃)ကောင်အား ရေမော်တာ (၁)လုံးဖြင့် နေ့စဉ် ရေတင်၍ ဆေးရုံအဆောင်များနှင့် ဝန်ထမ်းအိမ်ရာများသို့ ရေပေးဝေဖြန့်ဖြူးပါသည်။
(၆) မီးရရှိမှု
မြို့နယ်လျှပ်စစ်မှ (၂၄)နာရီလျှပ်စစ်မီးရရှိပါသည်။ 315 KVA Transformer တစ်လုံးရှိပါသည်။အေရးပေါ်မီးစက်(၁) လုံးရှိပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ ပုဗ္ဗသီရိမြို့နယ် တိုင်းရင်းဆေးရုံနှင့်ကပ်လျှက် |
Email – dentalhospital2022@gmail.com
Fax Phone – 067-3417826
ပြင်ပလူနာအချိန်ဇယား
အစိုးရရုံးပိတ်ရက်များမှအပေန့စဉ်နံနက်(၈း၃၀နာရီ)မှနေ့လည် (၃း၃၀နာရီ)အထိ လူနာများကို ကုသပေးလျှက်ရှိပါသည်။
စဉ် | ဌာန | နံနက် | နေ့လည် | မှတ်ချက် |
၁။ | သွားနှင့်ခံတွင်းအထူးကုဆေးရုံ | ၈း၃၀နာရီ | ၃း၃၀နာရီ |