Video Conferencing on Hospital Preparedness for COVID-19 ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ Video Conferencing on Hospital Preparedness for COVID-19 ကို ၂၀၂၀-ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ Video Conferencing တွင် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်နှင့်အညီ COVID-19 ရောဂါ ကုသရေး/ကာကွယ်ရေးအတွက် ပြည်သူ့ဆေးရုံကြီး များ၏ လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးရုံသုံးပစ္စည်းလိုအပ်ချက်များကို စဉ်ဆက်မပြတ်ဆန်းစစ်၍ တင်ပြရန်နှင့် ဖြည့်ဆည်းရန် … Read more