စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊နေ့လည် (၁:၀၀)နာရီတွင် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌  ကုသရေးရေးဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း          အစည်းအဝေးကျင်းပခဲ့ကြပါသည်။ အစည်းအဝေးကို ဒုတိယညွှန်ကြားရေးမှုးချုပ်(စီမံ/ဘဏ္ဍာ)၊ ကုသရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းလုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိသည့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံကိန်း)မှ စီမံကိန်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း ပြောကြား၍ ကုသရေးရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများအား စနစ်တကျ အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများအား အမျိုးသားကျန်းမာရေးစီမံကိန်း National Health Plan(2017-2021) နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (MSDP) များသို့ ဦးတည်ဆောင်ရွက်ကြရန် စည်းဝေးညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် ယခုရေးဆွဲ ကြရမည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်   စီမံကိန်း လုပ်ငန်း … Read more