အကြံပေးအတိုင်ပင်ခံ(၂)ဦး ခန့်အပ်ခြင်း

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်နှင့် Unicef (Myanmar)တို့ ပူးပေါင်း၍ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန်အတွက် အကြံပေးအတိုင်ပင်ခံ(၂)ဦးအား ခေါ်ယူ၍ SOP Guidelines ရေးဆွဲ နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်များသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် အကြံပေး အတိုင်ပင်ခံ (၂)ဦးတို့ဖြင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား(၇-၁-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ SOP Guidelines for Medical Social Work သည် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းဖြစ်၍ ပြည်ထောင်စုဝန်ကြီးမှ အလေးထားဆောင်ရွက်ရန်ရှိပါကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားခဲ့ပါသည်။ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာတွင် ကုသရေး ဦးစီးဌာနမှ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး … Read more

စစ်ကိုင်းတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့်  Electronic Monthly Implementation Reporting System သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (15.12.2019) မှ (20.12.2019) ထိ (6)ရက် တိုင်အောင် Refresher Training  ကျင်းပပြုလုပ်ခဲ့ပါသည်။