ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့် နှင့် ဌာနခွဲစာရေး ဒေါ်ခင်မာထွေးတို့ သည် (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရုံးတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မိုးကောင်းမြို့နယ်ဆေးရုံနှင့် ဝိုင်းမော်မြို့နယ်ဆေးရုံများသို့ Check List နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများကို များကိုပြုလုပ်ခဲ့ပါသည်။   ကုသရေးဦးစီးဌာန၊စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင် ၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အောင်၊ ဌာနခွဲစာရေး ဒေါ်ဝါဝါမြင့်နှင့် အကြီးတန်းစာရေး ဒေါ်ငြိမ်းချမ်းလင်း တို့ပါဝင်သောအဖွဲ့သည် (၁၂-၉-၂၀၁၉) ရက်နေ့မှ (၁၄-၉-၂၀၁၉) ရက်နေ့ထိ မွန်ပြည်နယ်၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ … Read more