၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ၊ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ၊ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ကြပါသည်။ • ဆက်လက်၍ ခရိုင်/မြို့နယ်ပြည်သူ့ဆေးရုံ ၆ ရုံအား Check list ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည် … Read more

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ စာတမ်းတင်သွင်းရက် တိုးမြှင့်သတ်မှတ်ခြင်း

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် စာတမ်းတင်သွင်းပေးပို့လိုသူများသည် The 48th Myanmar Health Research Congress Website (https://www.myanmarhrc.com) တွင် ဝင်ရောက်၍ online မှ ပေးပို့ရာတွင် စာတမ်းအကျဉ်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် (ကြာသပတေးနေ့) မွန်းလွဲ (၃:၀၀)နာရီ သို့ လည်းကောင်း၊ စာတမ်းအပြည့်အစုံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက် (သောကြာနေ့) မွန်းလွဲ (၃:၀၀)နာရီ သို့ လည်းကောင်း၊ နောက်ဆုံးထားပြီး ပေးပို့ရန် ရက်တိုးမြှင့် သတ်မှတ်လိုက်ပါသည်။