မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှကျေးရွာများသို့ကွင်းဆင်းဆေးကုသခြင်း

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ဆရာဝန်များ၊ သူနာပြုဆရာမများ ပါဝင်သောအဖွဲ့သည် မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ ကံသာကုန်းကျေားရွာ၊ ကမ်းနီကျေးရွာ၊ ကညင်ဂဲကျေးရွာများသို့ ၂၀၁၉ ခုနှစ် မေလအတွင်း အခမဲ့ကွင်းဆင်းဆေးကုခရီးများ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၁၁-၅-၂၀၁၉) ရက်နေ့တွင် ကံသာကုန်းကျေးရွာ ဆေးကုသခရီးစဉ်တွင် ရွာသူ၊ရွာသား (၂၀၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ(၁၃၆)ဦး အား အခမဲ့ ဆေးကုသခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ (၁၉-၅-၂၀၁၉)ရက်နေ့ ကမ်းနီကျေးရွာ ဆေးကုခရီးစဉ်တွင် ရွာသူ၊ရွာသား (၁၅၀) ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ (၁၃၂)ဦး အား အခမဲ့ ဆေးကုသခြင်း နှင့် (၂၅-၅-၂၀၁၉)ရက်နေ့ ကညင်ဂဲကျေးရွာ ဆေးကုခရီးစဉ်တွင် လူနာ (၄၀)ဦး အား အခမဲ့ ဆေးကုသမှု ပေးခဲ့ကြောင်း … Read more

Training on Patient Safety ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

           ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ကုသမှုအရည်အသွေးမြှင့်တင်ရေးစီမံချက် မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် – မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအနေဖြင့် မိမိတို့၏ … Read more