ထိုင်းနိုင်ငံ၊ International Cooperation Agency (TICA) မှ ပညာသင်ဆုများအတွက် လျှောက်လွှာ ခေါ်ယူခြင်း၊ Master of Science in Food Science, Master of Science Program in Food Science and Technology

http://mohs.gov.mm/Main/content/scholarships/%E1%80%91-%E1%80%84-%E1%80%94-%E1%80%84-%E1%80%84-international-cooperation-agency-tica-%E1%80%99-%E1%80%95%E1%80%8A-%E1%80%9E%E1%80%84-%E1%80%86-%E1%80%99-%E1%80%A1%E1%80%90-%E1%80%80-%E1%80%9C-%E1%80%80-%E1%80%9C-%E1%80%81-%E1%80%9A-%E1%80%81-%E1%80%84

ထိုင်းနိုင်ငံ၊ International Cooperation Agency (TICA) မှ ပညာသင်ဆုများအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ International Cooperation Agency (TICA) မှ ပညာသင်ဆုများအတွက် လျှောက်လွှာခေါ်ယူခြင်း http://mohs.gov.mm/Content/scholarships/list?pagenumber=1&pagesize=9&fbclid=IwAR0wnyNGoHTPJ5V6ozVOD_pciZaGHxTU6tvfTpseZlW95DjCvh-KtFKxKYw

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

ကလေးဝမြို့၊ ဖေဖော်ဝါရီ (၁၀) ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကျန်းမာရေး၀န်ထမ်းများ နှင့် ဒေသခံပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ ဆေးရုံ အဆောက်အဦသစ်ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအဆောက်အဦသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှု၍ တက်ရောက်ကုသနေသော လူနာများအား ကူညီထောက်ပံ့ခဲ့ပါသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ် မှ ဗဟိုအဆင့်၊အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အလယ်ပိုင်း) ကို (၂၀- ၂- ၂၀၁၉)ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွက် (၂၀၁၉) ခုနှစ်တွင် ပထမအကြိမ်စတင်ပြုလုပ်ခြင်းဖြစ်၍ အခမ်းအနားကို ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းနှင့် ဆေးရုံ(၄)ရုံမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့မှ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက် ဆိုင်ရာလူမှုရေးပြဿနာများကို Power … Read more

ကုသရေးဦးစီးဌာန၏ Knowledge Sharing Session ပြုလုပ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၇)ရက် ကုသရေးဦးစီးဌာန၏ Knowledge Sharing Session အား ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်နောဆောကပေါနှင့် Bloomberg မှ Dr. နန်းစုဝါတို့မှ “ Civil Registration and Vital Statistics in Myanmar နှင့် Medical Certification of Cause of Death ” ခေါင်းစဉ်တို့အား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။