Home 2019March08
ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊မီးလောင်ဒဏ်ရာ၊ လည်ပင်းကြီး၊ အဖုအကျိတ် လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုများကို (၁၀-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉)ရက်နေ့အထိဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ လူနာ (၁၆၂)ဦး လာရောက်ပြသခဲ့ကြပြီးလူနာ (၇၉)ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စည်ပင်/သစ်တော ဝန်ကြီးဒေါက်တာစောညိုဝင်း၊ အတွင်းရေးမှုး ဦးတိုးဝင်းတို့မှ လူနာများအား လာရောက်ကြည့်ရှုအားပေးခြင်း၊ ခွဲစိတ်ကုသမည့်အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့တို့အားတွေ့ဆုံနှုတ်ဆက်ခြင်း၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း ၊ လူနာများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအထူးကုအဖွဲ့သည် (၁၃-၂-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် […]

Read More
စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန

စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရှိ လူနာများသို့ စေတနာရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့သော အဟာရဒါန ကျွေးမွေးခြင်း အစီအစဉ် (၄.၂.၂၀၁၉ မှ ၁၇.၂.၂၀၁၉ နေ့အထိ) လာရောက်လှူဒါန်းကြသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။

Read More
ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တွေ့ဆုံလမ်းညွှန်

ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တွေ့ဆုံလမ်းညွှန်

ရန်ကုန်၊ မတ်လ(၅)ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ၂ဝ၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲနှင့် စင်ကာပူနိုင်ငံတွင် မတ်လ(၈)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပထမအကြိမ် အာရှလူငယ် အားကစားခေါင်းဆောင်များ စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်မည့် အားကစား အဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာန(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]

Read More
Bitnami