Home 2019March06
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

ကလေးဝမြို့၊ ဖေဖော်ဝါရီ (၁၀) ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကျန်းမာရေး၀န်ထမ်းများ နှင့် ဒေသခံပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ ဆေးရုံ အဆောက်အဦသစ်ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအဆောက်အဦသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှု၍ တက်ရောက်ကုသနေသော လူနာများအား ကူညီထောက်ပံ့ခဲ့ပါသည်။

Read More
နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ် မှ ဗဟိုအဆင့်၊အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အလယ်ပိုင်း) ကို (၂၀- ၂- ၂၀၁၉)ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွက် (၂၀၁၉) ခုနှစ်တွင် ပထမအကြိမ်စတင်ပြုလုပ်ခြင်းဖြစ်၍ အခမ်းအနားကို ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းနှင့် ဆေးရုံ(၄)ရုံမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့မှ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက် ဆိုင်ရာလူမှုရေးပြဿနာများကို Power […]

Read More
ကုသရေးဦးစီးဌာန၏ Knowledge Sharing Session ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Knowledge Sharing Session ပြုလုပ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၇)ရက် ကုသရေးဦးစီးဌာန၏ Knowledge Sharing Session အား ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်နောဆောကပေါနှင့် Bloomberg မှ Dr. နန်းစုဝါတို့မှ “ Civil Registration and Vital Statistics in Myanmar နှင့် Medical Certification of Cause of Death ” ခေါင်းစဉ်တို့အား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Read More
ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ နေပြည်တော်၊ မတ်​လ(၁)ရက် ကုသရေးဦးစီးဌာန၏ “Lunch Time Talk” အား ၂၀၁၉ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်​ခဲ့ကြပြီး ​ဒေါက်​တာမင်​းဟံသာထွန်​း၊ လက်​​ထောက်​ဆရာဝန်​(စစ်​​ဆေး​ရေး)မှ “ Digital Health ” ခေါင်းစဉ်အား တင်​ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။  

Read More
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ ဦးဆောင်သောအဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံ(၃)ရုံမှ တာဝန်ခံဆရာဝန်များနှင့် တွေ့ဆုံအမှာစကားပြော ကြားခြင်း၊ ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More
ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Work) ဆောင်ရွက်ပြီးစီးခြင်း

ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Work) ဆောင်ရွက်ပြီးစီးခြင်း

နေပြည်တော်၊ မတ်လ (၅)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အောက်ပိုင်း)ကို (၁-၃-၂၀၁၉)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို (၂၀၁၉)ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါ သည်။ အခမ်းအနားအား အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဒေါက်တာထွန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံ အုပ်များ၊ လက်ထောက်ဆေးရုံအုပ်များ၊ […]

Read More
ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၂) ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် ဦးစားပေးလုပ်ငန်းများချမှတ်ရေးအတွက် အလွန်အရေးကြီးသည့် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာတို့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ကဏ္ဍစုံမှ ခုံငြုံသုံးသပ် (Holistic Review) ပြုလုပ်ခြင်းအစည်းအဝေးကို (၂၀-၂-၂၀၁၉)ရက်နေ့ ညနေ့ ပိုင်း၌ နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူး(အခြေခံကျန်းမာ) ဒေါက်တာနန်းနိုင်နိုင်ရှိန်က တိုင်းဒေသကြီး/ ပြည်နယ် သင်ကြားရေးအဖွဲ့နှင့် လက်ရှိဖွဲ့စည်းထားရှိမှုနှင့်စပ်လျဉ်း၍တင်ပြ ရာတွင် လက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များ၏ သင်ကြားရေးအဖွဲ့ (Training […]

Read More
(၅) ကြိမ်မြောက် မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

(၅) ကြိမ်မြောက် မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ မတ်လ (၂)ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Lotte Hotel၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သော “(၅)ကြိမ်မြောက် မြန်မာနိုင်ငံ နှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ (5th Myanmar Cardiac Society Conference)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာကြသူများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါသည်၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- • မြန်မာနိုင်ငံ နှလုံးရောဂါဆရာဝန် လူငယ်များအတွက် ပြည်တွင်း ပြည်ပမှ ဝါရင့် နှလုံးဆရာဝန်ကြီးများထံမှ အတွေ့အကြုံများကို မျှဝေရရှိနိုင်မည့် အခွင့်အရေးကောင်းကို အတတ်နိုင်ဆုံး ရရှိအောင် ကြိုးစားရယူ ကြစေလိုပါကြောင်း၊ • ယခုညီလာခံ မတက်ရောက်နိုင်သော တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ငယ်များအတွက် ဗီဒီယို Clip များဖြင့် မျှဝေပေးပို့ရန် တိုက်တွန်းလိုပါကြောင်း၊ • […]

Read More
ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၆) ရက် ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ခွဲဝေသုံးစွဲလိုသည့် ရာခိုင်နှုန်းအချိုးအစားနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်မှ နေ့လယ် (၂း၃၀)နာရီအထိ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ကုသရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အခြားတာဝန်ရှိသူများနှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးတို့မှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြပါသည်။

Read More
Bitnami