ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

  ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၇)ရက်   ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က – • ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေးအပ်၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှု များကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်းဦးနှင့် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူသက် တို့က – • မိမိတို့ ကျန်းမာရေး ဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးစမ်းသပ်ကုသမှု ဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ … Read more