နား၊ နှာခေါင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ဆေးရုံကြီး၊ ရန်ကုန်

နား၊ နှာခေါင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ဆေးရုံကြီး၊ ရန်ကုန်၏ ပြင်ပလူနာကြည့်ချိန်ဇယား

စဉ်ပြင်ပလူနာကြည့်ရက်အထူးကုဘာသာရပ်နံနက်ပိုင်းနေ့လည်ပိုင်းနေရာ
တနင်္လာနေ့နား၊နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဘာသာရပ်(၈)နာရီမှ(၁၂)နာရီထိနေ့လည်(၁)နာရီမှ(၃)နာရီထိပြင်ပလူနာဌာန
အင်္ဂါနေ့နား၊နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဘာသာရပ်(၈)နာရီမှ(၁၂)နာရီထိနေ့လည်(၁)နာရီမှ(၃)နာရီထိပြင်ပလူနာဌာန
ဗုဒ္ဓဟူးနေ့နား၊နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဘာသာရပ်(၈)နာရီမှ(၁၂)နာရီထိနေ့လည်(၁)နာရီမှ(၃)နာရီထိပြင်ပလူနာဌာန
ကြာသပတေးနေ့နား၊နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဘာသာရပ်(၈)နာရီမှ(၁၂)နာရီထိနေ့လည်(၁)နာရီမှ(၃)နာရီထိပြင်ပလူနာဌာန
သောကြာနေ့နား၊နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဘာသာရပ်(၈)နာရီမှ(၁၂)နာရီထိနေ့လည်(၁)နာရီမှ(၃)နာရီထိပြင်ပလူနာဌာန

ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ

–         ရန်ကုန်မြို့၊ နား၊နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်  လည်ပင်းခွဲစိတ်အထူးကု‌ဆေးရုံကြီးသည်

ဗညားဒလလမ်းနှင့်  ဗျိုင်းရေအိုးစင်လမ်းထောင့်၊   ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊   တာမွေမြို့နယ်အတွင်း တည်ရှိပါသည်။

စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် ဆေးရုံသမိုင်းအကျဉ်းချုပ်

      နား၊ နှာခေါင်း၊ လည်ချောင်း၊ အထူးကုဆေးရုံကြီးကို နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်မှု

အရ (၁၉၉၂) ခုနှစ်မှစတင်၍ နိုင်ငံတော်မှ ကျပ်ငွေသိန်းပေါင်း  (၅၈၈၁.၉၅)  ဖြင့်     ပြည်သူ့ ဆောက်လုပ်

ရေးလုပ်ငန်းမှ    ရန်ကုန်အရှေ့ပိုင်းခရိုင်    တာမွေမြို့နယ်၊    ဗညားဒလလမ်း၊     ဗျိုင်းရေအိုးစင်လမ်းနှင့် 

(၁၅၄)လမ်း  အကြား   ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊   (၁၃.၇၃၉) ဧက   ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။  

                 ဤခွဲစိတ်အထူးကုဆေးရုံကြီးကို   အမျိုးသားကျန်းမာရေးကော်မတီ၏   ကိုယ်စား   ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးမှ (၂၆-၃-၂၀၀၀) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးအဖြစ် (၇-၆-၂၀၁၅)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အမည်ပြောင်းလဲခဲ့ပါသည်။

                 ယခုဆေးရုံကြီး မြေနေရာသည် ယခင် ရန်ကုန်စည်ပင်သာယာရေးကော်မတီပိုင် တရုတ်သင်္ချိုင်းမြေဖြစ်ပြီး   နိုင်ငံတော်ပိုင်အဖြစ်   သိမ်းယူထားကာ    ဤဆေးရုံကြီးကို  တည်ဆောက်

ထားခြင်းဖြစ်ပါသည်။ ကျန်းမာရေးဦးစီးဌာနပိုင် မြေဂရန်အမည်ပေါက်ရရှိရေးအတွက် တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်

စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ နှစ် (၆၀) ဂရန်ဖြင့် (၁၇.၁၂.၁၉၉၉)

ရက်စွဲပါ အမှုတွဲအမှတ် – တမ/ ဂရသ/ ၄၄/ ၉၈ အရ မြေတိုင်းအမှတ်-  (3A-1)   အကွက်အမှတ်- (495/ 544 A)  ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ      

   ဗညားဒလမ်းနှင့်  ဗျိုင်းရေအိုးစင်လမ်းထောင့်၊  ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

ဆေးရုံအုပ်ကြီးရုံးခန်း (ကြိုးဖုန်း)

–         01 543888။

အရေးပေါ်ဌာန (ကြိုးဖုန်း)

–         09 408451155

အီးမေးလ်နှင့် ဖက်စ်နံပါတ်

–         orlhnsygntamweygn@gmail.com

–         01 543888။

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

                    နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးသည် ခုတင် (၁၅၀)ဆန့် ခွဲစိတ်အထူးကုဆေးရုံကြီးတစ်ရုံဖြစ်ပါသည်။ ပြင်ပလူနာများကို ရုံးဖွင့်ရက်တိုင်း နံနက် (၈း၃၀)မှ (၁၂း၀၀)နာရီထိတစ်ကြိမ်၊ နေ့လည် (၁း၀၀)နာရီမှ (၃း၀၀)နာရီထိတစ်ကြိမ် နှစ်ကြိမ်ခွဲ၍  ကြည့်ရှုကုသပေးလျက်ရှိပါသည်။   အရေးပေါ်လူနာများကို  (၂၄) နာရီ  လက်ခံကုသပေး

ပါသည်။

                   ပြင်ပလူနာ (အသစ်)များအတွက် တစ်ရက်ကြို  Phone Booking စနစ်ကို ကျင့်သုံးလျက်ရှိပြီး ရုံးဖွင့်ရက်များတွင် နေ့စဥ် နေ့လည် (၁း၀၀)နာရီမှ (၄း၀၀)နာရီအတွင်း Phone- 09408451188သို့ ဆက်သွယ်၍ Booking ပြုလုပ်နိုင်ပါသည်။ ရက်ချိန်းပြန်ပြ ပြင်ပလူနာ (အဟောင်း)များအတွက် Booking မလိုပဲ ရက်ချိန်းအတိုင်း ပြန်ပြနိုင်ပါသည်။

                   နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် ဆိုင်သော ရောဂါများကိုသာမက ဦးခေါင်းခွံရိုး ပြင်ပတွင်ဖြစ်သော ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများကိုပါ ကုသပေးလျက်ရှိပါသည်။

                   မွေးရာပါနားအကြားအာရုံချို့ယွင်းသော၊ မွေးဖွားပြီးနောက် အကြောင်းတစ်ခုခုကြောင့် နားမကြား၍စကားမပြောနိုင်သော ၅ နှစ်အောက်ကလေးများအား အတွင်းနားအကြားအာရုံနှိုးဆွစက် (Cochlear Implant)  တပ်ဆင်ခြင်း  လုပ်ငန်းကိုလည်း   နိုင်ငံတော်၏  ပံ့ပိုးမှုဖြင့်   နှစ်စဉ်ဆောင်ရွက်

ပေးလျက်ရှိရာ (၂၀၂၁) တွင် (၂) ဦး၊ (၂၀၂၂) တွင် (၃) ဦး၊  (၂၀၂၃) တွင်  (၅) ဦးတို့အား  အောင်မြင်စွာ  ခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်။