ချင်းပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့
လက်ရှိအခြေအနေ တင်ပြချက်
ဆေးရုံသမိုင်းနှင့်တည်နေရာ
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ဆေးရုံတစ်ရုံဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုစဉ်က ဆေးရုံတည်နေရာသည် ဝမ္မသူးမောင်အားကစားကွင်းအနီးရှိ ယခုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနေရာ ဖြစ်ပါသည်။ယခုအခါ ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးသည် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်တွင်တည်ရှိပြီး ၁၉၆၂ ခုနှစ်တွင်၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။
၁၉၇၉ ခုနှစ်တွင် ခုတင် ၅၀ဆံ့ ဆေးရုံအဖြစ်သို့လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့လည်းကောင်း တိုးမြှင့်ကာ အထူးကုဆေးရုံတစ်ရုံအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ သည့်အပြင် ခုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးအဖြစ်သို့ (၁၈.၆၂၀၀၈)ရက်စွဲပါ စာအမှတ်၊ ၉/၁၀၈ အဖရ (၁၅/၂၀၀၈-၅၈ အရ (၁၈.၇.၂၀၀၈)နေ့မှစ၍ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါ သည်။ ဆေးရုံကြီး၏ မြေဧရိယာအကျယ်အဝန်းမှာ ၃၆.၃၀ ဧကရှိပါသည်။ ယခုအခါ ဆေးရုံကြီး၏ မြေဧရိယာအားလုံးအတွက် ပုံစံ ၁၀၅/၁၀၆ ရရှိပြီးဖြစ်ပါသည်။ ထိုမြေဧကများအား ဟားခါးပြည် သူ့ဆေးရုံကြီးအမည်ဖြင့် အခမဲ့မြေလွှဲရရှိရေးအတွက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
ဆေးရုံတည်နေရာပြဓါတ်ပုံ
ဆက်သွယ်မည့်လိပ်စာ
ဟားခါးပြည်သူ့ဆေးရုံကြီး၏ Email – hakhageneralhospital200@gmail.com
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် အထွေထွေ ပြင်ပလူနာပြသနိုင်သော အချိန်ဇယား
ဘာသာရပ် | Mon | Tue | Wed | Thu | Fri |
ခွဲစိတ် | ခွဲစိတ် | ခွဲစိတ် | ခွဲစိတ် | ခွဲစိတ် | ခွဲစိတ် |
သမားတော် | သမားတော် | သမားတော် | သမားတော် | သမားတော် | သမားတော် |
ကလေးအထူးကု | ကလေး အထူးကု | ကလေး အထူးကု | ကလေး အထူးကု | ကလေး အထူးကု | ကလေး အထူးကု |
သားဖွား/မီးယပ် | သားဖွား/မီးယပ် | သားဖွား/ မီးယပ် | သားဖွား/ မီးယပ် | သားဖွား/ မီးယပ် | သားဖွား/ မီးယပ် |
အရိုးအထူးကု | အရိုး အထူးကု | အရိုး အထူးကု | အရိုး အထူးကု | အရိုး အထူးကု | အရိုး အထူးကု |
သွားနှင့်ခံတွင်း | သွားနှင့်ခံတွင်း | သွားနှင့်ခံတွင်း | သွားနှင့်ခံတွင်း |
မှတ်ချက်။ ။ အထွေထွေပြင်ပလူနာများကို လူနာလာရောက်သည့်အချိန်တိုင်း ကြည့်ရှုစစ်ဆေးပေးပါ
သည်။
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် အထူးကုပြင်ပလူနာပြသနိုင်သော အချိန်ဇယား
နေ့ရက် | ဘာသာရပ် | |||||
ခွဲစိတ် | သမားတော် | ကလေး အထူးကု | သားဖွား/ မီးယပ် | အရိုး အထူးကု | သွားနှင့် ခံတွင်း | |
တနင်္လာ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | ||
အင်္ဂါ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | |||
ဗုဒ္ဓဟူး | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | ||
ကြာသပတေး | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | |||
သောကြာ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ | မနက် ၉ နာရီ မှ ၁၂ နာရီထိ |
ပြင်ပလူနာများကို ကြိုတင်ချိန်းဆိုသော Online Booking စနစ် မရှိသေးပါ။
ပြည်သူ့လူထုထံသို့ အသိပေးလိုသောအချက်များ
(၁)လူနာများသည် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ အချိန်အခါမရွေး လာရောက်ပြသပြီး ကုသမှုခံယူနိုင် ပါသည်။
(၂) ဟားခါးပြည်သူ့ဆေးရုံကြီးအနေဖြင့် လူနာများအတွက် အကောင်းဆုံးကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
(၃) ဟားခါးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများသည် ဆေးရုံကြီးတွင် လာရောက်ပြသသော လူနာအားလုံးကို မှန်ကန်သော မေတ္တာစေတနာတို့ဖြင့် ကြိုးစားကုသပေးလျက်ရှိပါသည်။