မင်္ဂလာဒုံအထူးကုဆေးရုံ

(၁) ဆေးရုံသမိုင်းအကျဉ်း    

 (က)    ၁၉၇၆ ခုနှစ်၊ဇူလိုင်လ(၁၀)ရက်နေ့တွင် ကျိုက္ကလော.စေတီတော် ဂေါပကအဖွဲ့မှ  ဘုရားဝတ္တက

            မြေ၊  ပြည်လမ်းမျက်နှာစာ ၊အလျား-၄၃၅ ပေ၊ အနောက်ဘက်မျက်နှာစာ – ၄၀၅ ပေ၊အနံ-၄၅၀           

            ပေ(၄.၅-ဧက)ကိုတိုက်နယ်ဆေးရုံဖြစ်မြောက်ရေးကော်မတီ မှအပြီးအပိုင်လွှဲပြောင်းလက်ခံရရှိ

   ခဲ့ပါသည်။

(ခ)       ၁၉၈၁ ခုနှစ် တွင်(၁၆)ကုတင်၊ တိုက်နယ်ဆေးရုံ(မင်္ဂလာဒုံ)အဖြစ်စတင်ဖွင့်လှစ်ခဲ့ပါသည်။

(ဂ)      ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင်  အထူးကုဆေးရုံ ( မင်္ဂလာဒုံ ) အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး

  ‌         HIV / AIDS  ဝေဒနာရှင်များအား ကုသမှုစတင်ဆောင်ရွက်ပေးခဲ့ပါသည်။

(ဃ)    ၂၀၀၇ ခုနှစ် ၊ မေလ တွင် အတွင်းလူနာ စတင်လက်ခံ ကုသပေးခဲ့ပါသည်။

(င)     ၂၀၀၉ ခုနှစ်တွင် ရွှေသဘာ၀ဓါတ်ငွေ့ လုပ်ငန်းမှ ကုတင်( ၃၀ ) ဆန့် တိုးချဲ့လူနာ (၁)ထပ်ဆောင်

         နှစ်ဆောင် ဆောက်လုပ်  လှူဒါန်းခဲ့ပါသည်။

(စ)     ၂၀၁၀ ခုနှစ်တွင်ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရံပုံငွေဖြင့်တစ်ထပ်ဆောင်(ပြင်ပလူနာဆောင်)

   ကိုဖွင့်လှစ် နိုင်ခဲ့ပါသည်။               

(ဆ)    ၂၀၁၀  ခုနှစ်တွင်  ရန်ကုန်တိုင်း ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် မြောက်

           ဘက်ခြမ်းတွင်  တိုးချဲ့မြေ(၂.၀၈)ဧက  ထပ်မံရရှိခဲ့ပါသည်။ သို့ပါ၍ စုစုပေါင်း အကျယ်အ၀န်းမှာ

  (၆.၅၈)ဧကဖြစ်ပါသည်။

(ဇ)     ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ဝေဘာဂီအထူးကု ဆေးရုံကြီးမှ HIV /AIDS ဝေဒနာရှင်

   လူနာများအား ဤဆေးရုံသို့ပြောင်းရွှေ့ကုသမှုပြုလုပ်ပေးခဲ့ပါသည်။

(ဈ)     ၂၀၁၁ ခုနှစ် ၊ သြဂုတ်လ တွင်  ကျန်းမာရေး၀န်ကြီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၏ (၂၃.၈.၂၀၁၁)

          ရက်စွဲပါစာအမှတ် – ကမယ / ဃ – ၇၅၈ / ၁၁၄ ပါ  အမိန့်ကြော်ငြာစာဖြင့်  စံကိုက်ကုတင်(၁၀၀)‌

           ဆေးရုံအဖြစ် တိုးမြှင့်ခဲ့ပါသည်။

(ည)     ဆေးရုံမြောက်ဘက် တိုးချဲ့မြေဧက (၂.၀၈) ဧက ပေါ်တွင် ဆေးရုံအုပ်နေအိမ်(၁)လုံး ၊(၃)ခန်းတွဲ

    ၀န်ထမ်းငယ်အိမ်ရာ(၂) လုံး၊ သံကူကွန်ကရစ်(၈)ခန်းတွဲသူနာပြုနေအိမ် နှစ်ထပ်ဆောင်တစ်လုံး

    တို့တွင် ဝန်ထမ်းအများစုအား နေရာချထားပေးပြီးဖြစ်ပါသည်။

(ဋ)    (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်ဆောက်လုပ်ပြီးစီးခဲ့သောအမှုထမ်းအိမ်ရာ(၄)ခန်းတွဲ(၄)ထပ်ဆောင်တွင်

          ဝန်ထမ်းများအားနေရာချထားခဲ့ပြီးဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ကျိုက္ကလော့ဘုရားဝတ္တကမြေ ၊ ပြည်လမ်းမပေါ် ၊ ပြည်တော်သာရပ်ကွက် ၊ မင်္ဂလာဒုံမြို့နယ် ။

ဆက်သွယ်ရမည့်ဖုန်း

ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – ၀၁၈၆၃၅၂၉၉

Fax ဖုန်း                               – ၀၁၈၆၃၇၅၄၁

အီးမေးလ်                              –  winthandarphyu123@gmail.com

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

(က)အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား

နေ့ရက်အချိန်မှတ်ချက်
တနင်္လာနေ့နံနက် (၈)နာရီမှ နေ့လည် (၂)နာရီပြင်ပလူနာအဟောင်း/အသစ်
အင်္ဂါနေ့နံနက် (၈)နာရီမှ နေ့လည် (၂)နာရီပြင်ပလူနာအဟောင်း/အသစ်
ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီမှ နေ့လည် (၂)နာရီပြင်ပလူနာအသစ်
ကြာသပတေးနေ့နံနက် (၈)နာရီမှ နေ့လည် (၂)နာရီပြင်ပလူနာအဟောင်း/အသစ်
သောကြာနေ့နံနက် (၈)နာရီမှ နေ့လည် (၂)နာရီပြင်ပလူနာအဟောင်း/အသစ်

(ခ)အထူးကုပြင်ပလူနာအချိန်ဇယား

ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုသည့်အချိန်
တနင်္လာနေ့ကလေးအထူးကုဆရာဝန်ကြီးနံနက်(၁၀:၀၀)နာရီမှ နေ့လည်(၂:၀၀)နာရီထိ (တဆက်တည်းကြည့်ရှုပေးပါမည်။)
အင်္ဂါနေ့ကလေးအထူးကုဆရာဝန်ကြီးနံနက်(၁၀)နာရီမှ နေ့လည်(၁၁:၃၀)နာရီထိ
ဗုဒ္ဓဟူး
  ကြာသပတေးနေ့ကလေးအထူးကုဆရာဝန်ကြီးနံနက်(၁၀)နာရီမှ နေ့လည်(၁၁:၃၀)နာရီထိ
အထူးကုသမားတော်ကြီးနံနက်(၉:၃၀)နာရီမှ နေ့လည်(၂:၀၀)နာရီထိ (တဆက်တည်းကြည့်ရှုပေးပါမည်။)
  သောကြာနေ့ကလေးအထူးကုဆရာဝန်ကြီးနံနက်(၁၀:၀၀)နာရီမှ နေ့လည်(၂:၀၀)နာရီထိ (တဆက်တည်းကြည့်ရှုပေးပါမည်။)
အထူးကုသမားတော်ကြီးနံနက်(၉:၃၀)နာရီမှ နေ့လည်(၂:၀၀)နာရီထိ (တဆက်တည်းကြည့်ရှုပေးပါမည်။)

(ဂ) Online Booking စနစ်မရှိပါ။

 ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ

(၁)  လူနာအသစ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၈)နာရီမှ (၂)နာရီအထိလက်ခံကြည့်ရှု

        ပေးပါသည်။

(၂)   ပုံမှန်ရက်ချိန်းလူနာများအား တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး နှင့်သောကြာနေ့များတွင် နံနက်(၈)

        နာရီမှ နေ့လည်(၂)နာရီအထိ ကြည့်ပေးပါသည်။

(၃)   စနေ၊တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များတွင် ပြင်ပလူနာ၊ပုံမှန်ရက်ချိန်းလူနာနှင့် ARTဆေးထုတ်ယူ

         မှုများပိတ်ပါသည်။

(၄)   မည်သည့်လူနာမဆို ပြင်ပလူနာဌာန Reception ကောင်တာတွင် စာအုပ်ထပ်ရပါမည်။

(၅)   လူနာတိုင်းစာအုပ်ထပ်ပြီးပါက ပေါင်ချိန်ရပါမည်။

(၆)   တုံကင်နံပါတ်အတိုင်း ဆရာဝန်နှင့် အလှည့်ကျပြရပါမည်။အလှည့်ကျ ART ဆေးထုတ်ယူရပါမည်။

(၇)   တစ်သက်လုံး ဆေးကုသရမည်ဖြစ်၍ ဤဆေးရုံမှစာအုပ်ကိုရေမစို၊မပျောက်မပျက်စီးရန်စည်းကမ်း

         တကျ ထိန်းသိမ်းထားရှိရပါမည်။

(၈)    ART ဆေးရရှိချိန်တွင် စာအုပ်မျက်နှာဖုံးကို  မိတ္တူကူး၍ စနစ်တကျ သိမ်းဆည်းထားပါက စာအုပ်

         ပျောက်ခဲ့သည်ရှိသော်  မိတ္တူနှင့် Record  အဟောင်းပြန်ရှာ၍  ရပါသည်။

(၉)   အရေးပေါ်လူနာများနှင့် လူနာအသစ်များ ၊ ဆက်တိုက် ချောင်းဆိုးနေသော  လူနာများအားအရင်

        ကြည့်ရှုပေးပါမည်။

(၁၀)  ရောဂါကူးစက်ခြင်း မခံရစေရန် အထူးသတိထား ဆင်ခြင်နေထိုင်ရန်လိုအပ်ပါသည်။

(၁၁)  မိမိတွင်ရောဂါပိုးကူးစက်ခံနေရသည်ဟု  သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့သွားရောက်

         စစ်ဆေးရန်လိုအပ်ပါသည်။

(၁၂)  HIV  ရောဂါပိုး ရှိပါက ရက်ချိန်းအတိုင်း  ပုံမှန်လာရောက်ပြပြီး  ART  ဆေးအား အချိန်မှန်ကန်စွာ

         သောက်သုံးရန်လိုအပ်ပါသည်။

(၁၃)  လိုအပ်သော စမ်းသပ်စစ်ဆေးမှုများအား ဆရာဝန်လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်

          လိုအပ်ပါသည်။၊

(၁၄)   ART  / TBဆေးသည် HIV /  TBလူနာများအတွက် ဆေး၏ကောင်းကျိုးအပြင် ဆေး၏ဘေးထွက်

          ဆိုးကျိုးများအနေဖြင့်  အသည်းနှင့်  ကျောက်ကပ်အား  ထိခိုက်ပျက်စီး နိုင်ပါသဖြင့်  ဆောင်ရန်

          ရှောင်ရန် ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

(၁၅)   အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)တွင် ပြင်ပလူနာများသာ လက်ခံကုသပေးမည်ဖြစ်ပါ၍ အရေးပေါ်

          ဆေးရုံတက်ရန် လိုအပ်သော လူနာများအနေဖြင့် ဝေဘာဂီအထူးကုဆေးရုံကြီးသို့သွားရောက်ကြ

          ပါရန် ဖြစ်ပါသည်။