ပူတာအိုဆေးရုံ မွေးခန်းသုံးရေ နောက်ရခြင်းကိစ္စအား ရှင်းလင်းတင်ပြခြင်း

———— အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရေနောက်ရခြင်းကိစ္စမှာ ၁။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ခရိုင်ဆေးရုံကြီးနှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကိုသာ ရှေ့ထားပြီး သန့်ရှင်းမှုကို အစဉ်အလေးထားလျက်ရှိကြောင်း ပထမဦးစွာ အသိပေးအပ်ပါသည်။ ၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားစဉ်နေ့က ဆေးရုံတိုးတက်ရေးအတွက်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်စဉ် ရေပိုက်ကျိုးပေါက်သွားခြင်းဖြစ်ပါသည်။ မိုးအလွန်ရွာသောကာလဖြစ်သဖြင့် မိုးရွာထဲတွင် ပြန်လည်ပြုပြင်ရသောကြောင့် ရွှံများနှင့်ရောထွေး၍ ရေနောက်သွားရခြင်းဖြစ်ပါသည်။ *အစဉ်အမြဲရေနောက်များကို သုံးစွဲနေခြင်း လုံးဝမရှိပါ* ၃။ ၎င်းအပြင် … ပူတာအိုဆေးရုံမိသားစုမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ပျက်စီးမှုများအား ပြုပြင်ပြီးဖြစ်ပါ၍ သန့်ရှင်းစိတ်ချရသောရေသုံးစွဲမှု ပြန်လည်ရရှိပြီဖြစ်ပါသည်။ ၄။ ကတိပေးနိုင်သည်မှာ ဆယ်ဂဏန်းမပြည့်သော ဆရာဝန်နှင့် အထူးကုများမှ သူနာပြုဆရာဆရာမများ .. တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ပူတာအိုဆေးရုံတိုးတက်ရေးနှင့် ပြည်သူများကျန်းမာရေးအတွက် အထူးပင်ကြိုးစားလျက်ရှိကြောင်းပါ. ၅။ လိုအပ်သော […]

စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ပညာပေးအစီအစဉ်များပြုလုပ်ကျင်းပခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာနှင့်လူနာစောင့်များအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ စွန့်ပစ်ခြင်းများနှင့် COVID-19 နှင့်ပတ်သက်သော ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆေးရုံဝန်ထမ်းများ၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီးအား (၂-၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူပွဲကြီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူနာရှင်များ၊ လူနာများစုစုပေါင်း (၁၀၀၀)ဦးခန့် ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် […]