နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း

နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း (၁၁-၂-၂၀၂၆)ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာကျော်စိုးမင်း ဦးဆောင်သော ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်အက်စ်ဘန်တောင် တို့ပါဝင်သည့်အဖွဲ့သည် (၁၁-၂-၂၀၂၆ ) ရက်နေ့တွင် နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော ကလေးလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှု၊ ကလေးလူနာများအား ပြုစု စောင့်ရှောက်ပေးမှု တို့ကို အဆိုပါဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး သူနာပြုများမှ မွေးကင်းစကလေးများအား အချိန်ပြည့် ကြည့်ရှုပေးနိုင်မှုကို အားပေးခဲ့ပါသည်။
ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)(၆)လသင်တန်းများပြီးမြောက်ခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားများကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။ စဉ် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းဖွင့်လှစ်သောဆေးရုံ/ဌာန တက်ရောက်သင်တန်းသား […]
ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)(၆)လသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်/ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီး(၁၂)ရုံတွင် ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) (၆)လသင်တန်းများကို (၅-၅-၂၀၂၅) ရက်နေ့မှ (၅-၁၁-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ဗဟိုအဆင့်ဆေးရုံကြီး(၈)ရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(၄)ရုံတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား / သူ (၂၈၉) ဦးတို့ တက်ရောက်ခဲ့ ကြပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သက်ဆိုင်ရာဆေးရုံကြီးများ၌ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဌာနတွင်း Computer သင်တန်းဆင်းပွဲကျင်းပခြင်း

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဌာနတွင်း Computer သင်တန်းဆင်းပွဲအား (၅-၇-၂၀၂၄) ရက်နေ့ နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ပြီး သင်တန်းသူ/သင်တန်းသား ၂၅ ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
လယ်ဝေးဆေးရုံ

လယ်ဝေးဆေးရုံသမိုင်းအကျဉ်း လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ အထွေထွေရောဂါကု ပြင်ပလူနာအချိန်ဇယား စဉ် ပြင်ပလူနာ ပြင်ပလူနာကြည့်သော အချိန် မှတ်ချက် ၁ အထွေထွေရောဂါကု ပြင်ပလူနာ နံနက်(၈:၀၀)မှ ညနေ (၄:၀၀)ထိ ၂ အရေးပေါ်လူနာ (၂၄:၀၀)နာရီ နေပြည်တော် လယ်ဝေးမြို့ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးရုံးခန်း ဖုန်း – ၀၉-၄၂၁၃၆၉၉၅၃ အရေးပေါ်နှင့် ပြင်ပလူနာဌာန ဖုန်း -၀၉-၇၉၀၄၂၃၇၈၁ အီးမေးလ် (lewehospital100bedded@gmail.com) ဖက်စ်နံပါတ် – ၀၆၇ -၄၁၉၀၈၆ လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ အထူးကု ပြင်ပလူနာ အချိန်ဇယား စဉ် ပြင်ပလူနာကြည့်သော နေ့ရက် ပြင်ပလူနာကြည့်သော အဆောင် ပြင်ပလူနာကြည့်သော အချိန် […]
