ရခိုင်ပြည်နယ်တွင် Electronic Monthly Implementation Reporting System မွမ်းမံသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား ရခိုင်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၄-၁၁-၂၀၁၉)မှ (၆-၁၁-၂၀၁၉)ထိ (၃)ရက်တိုင်အောင် မွမ်းမံသင်တန်း ပြုလုပ်ခဲ့ပါသည်။
အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

Download pdf; Click to access Nursing-Section.pdf
ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ ချင်းပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး (စီမံကိန်း)မှ ဒေါက်တာဝင်းရည်မွန် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာရေး)၊ လက်ထောက် ညွှန်ကြားရေးမှူး(စီမံကိန်း) တို့သည် World Bank (Component-2) ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ချင်း ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြပါသည်။ ချင်းပြည်နယ်အတွင်းရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ (၄-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ရိခေါဒါရ်တိုက်နယ်ဆေးရုံသို့ (၅-၁၁-၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊ ဖလမ်းပြည်သူ့ဆေးရုံကြီးသို့ (၆-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ထန်တလန် မြို့နယ်ဆေးရုံနှင့် မှောင်တလန်တိုက်နယ်ဆေးရုံသို့ (၇-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း သွားရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆေးရုံများ၏ဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံများ၏လိုအပ်ချက်များ၊ ဗဟိုအဆင့်မှ တာဝန်ယူဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးခြင်း မှတ်တမ်းဓါတ်ပုံများ […]
မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သတင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထောက်ကူ ပံ့ပိုးမှုဖြင့် Medical Audit System ကို အကောင်အထည်ဖော်နိုင်ရန် ခြေလှမ်းအစဖြစ် The Initiation of Medical Audit System အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး ဒေါက်တာရီရီမြင့်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Dr Stephan Paul Jost (WR Myanmar […]
Advanced International Training Programme: Gender Statisitics

Download pdf; Click to access Swedish-International-Development-Cooperation-Agency-Sida.pdf