ဆေးရုံတည်နေရာ

အမှတ် (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

ဆေးရုံ၏ဓာတ်ပုံ

ဆေးရုံစတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

          အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသည် (၁၉၅၉) ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှစ၍ (၂၅) ခုတင်ဆန့် ဆေးရုံအဖြစ် လူမှု၀န်ထမ်းဦးစီးဌာနလက်အောက်တွင် ဖွင့်လှစ်ခဲ့သော ဆေးရုံဖြစ်ပါ သည်။ (၁၉၆၅) ခုနှစ်တွင် ကျန်းမာရေး၀န်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ (၁၉၆၈) ခုနှစ်တွင် ခုတင် (၅၀) ဆန့် အထူးကုဆေးရုံအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

          အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံကို ယခင်က Hospital for the Disabled မသန်စွမ်း ဆေးရုံဟု အမည်ခေါ်ဆိုခဲ့ရာမှ (၂၆-၄-၉၃) မှ စတင်၍ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ (National Rehabilitation Hospital) ဟု အမည်ပြောင်းခဲ့ပါသည်။

          ခုတင် (၁၀၀) အထူးကုဆေးရုံအဖြစ်သို့ (၁-၁-၂၀၁၆) ရက်နေ့ တွင် တိုးမြှင့်ခဲ့ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – ၀၁-၈၆၆၀၈၉၈၊ ၀၉-၄၄၃၅၈၉၈၁၅

အရေးပေါ်၂၄ နာရီ တာဝန်ကျသူနာပြုအခန်း(အထိုင်ဖုန်း) – ၀၉-၄၅၇၇၅၈၅၇၆

ပြင်ပလူနာဌာန (အထိုင်ဖုန်း) – ၀၉-၄၅၇၇၅၈၅၇၇

အီးမေးလ် – nrhygn@gmail.com

ဖက်စ်နံပါတ် – ၀၁-၉၆၆၄၆၅၀

(က) အထွေထွေရောဂါကုပြင်ပလူနာဌာနမရှိပါ

(ခ) အထူးကုပြင်ပလူနာပြသနိုင်သောအချိန်ဇယား

ပြင်ပလူနာ ကြည့်ရှု သည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုသည့်အချိန်ကြည့်ရှုသည့်နေ့ရာ
နံနက်ပိုင်း (၉:၀၀) မှ (၁၂:၀၀)နေ့လည်ပိုင်း (၂:၀၀) မှ (၄:၀၀)
တနင်္လာသွားနှင့် ခံတွင်းကုသရေး လူနာအသစ်/ အဟောင်း လူနာအသစ်/ အဟောင်းသွားနှင့် ခံတွင်းကုသရေးဌာန
အင်္ဂါ  အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးလူနာအသစ်လူနာအသစ်ပြင်ပလူနာဌာန
သွားနှင့် ခံတွင်းကုသရေးလူနာအသစ်/ အဟောင်းလူနာအသစ်/ အဟောင်းသွားနှင့် ခံတွင်းကုသရေးဌာန
ဗုဒ္ဒဟူး  အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးလူနာအဟောင်းလူနာအဟောင်းပြင်ပလူနာဌာန
သွားနှင့် ခံတွင်းကုသရေး လူနာအသစ်/ အဟောင်း လူနာအသစ်/ အဟောင်းသွားနှင့် ခံတွင်းကုသရေးဌာန
ကြာသပတေး  အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးလူနာအသစ်လူနာအသစ်ပြင်ပလူနာဌာန
သွားနှင့် ခံတွင်းကုသရေး လူနာအသစ်/ လူနာဟောင်း လူနာအသစ်/ လူနာဟောင်းသွားနှင့် ခံတွင်းကုသရေးဌာန
သောကြာ  ခြေတုလက်တုနှင့် အားပြုကိရိယာ ပြုလုပ်မည့် သူများအားကြည့်ရှုပေးခြင်း(၉:၀၀) မှ (၁၂:၀၀) နာရီအထိပြင်ပလူနာဌာန  
Wheelchair နှင့် အထောက် အကူပြုပစ္စည်း များ လိုအပ်သူများ အားအသုံးပြုသည့် နည်းစနစ်အား သင်တန်း​ပေးခြင်း နှင့် ထောက်ပံ့ပေးခြင်း(၂:၀၀) မှ (၄:၀၀) နာရီအထိ  Assistive Technology Demonstration &  Provision Center
သွားနှင့် ခံတွင်းကုသရေး လူနာအသစ်/ လူနာဟောင်း လူနာအသစ်/ လူနာဟောင်းသွားနှင့် ခံတွင်းကုသရေးဌာန

(ဂ) အမျိုသားပြန်လည်သန်စွမ်းရေးဆေးရုံတွင် Online Booking စနစ်မရှိသော်လည်း ပြင်ပလူနာ ၏ လူနာလက်ခံကြိုဆိုရေးဌာန ဖုန်းနံပါတ်

၀၉-၄၅၇၇၅၈၅၇၇ သို့ ကြိုတင်စုံစမ်းမေးမြန်း၍ လာရောက်ပြသနိုင်ပါသည်။

ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံတွင် လေဖြတ်ရောဂါ(Stroke)၊ သူငယ်နာအကြောရောဂါ (Cerebral Palsy)၊ ပိုလီယိုရောဂါ (Post-Polio syndrome) ၊  အာရုံကြောနှင့်ကြွက်သားရောဂါ (Neuromuscular disease) ၊ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သွားသူများ (Traumatic Spinal Cord Injury) စသည်တို့ကို ပြန်လည်သန်စွမ်းရေးအတွက်ကုသပေးခြင်း အရိုးအဆစ်နှင့် ကြွက်သား ရောဂါများ (Musculoskeletal Disorder)ကြောင့် နာကျင်မှုခံစားနေရသူများကို အထူးကု ဆရာဝန်များမှကြည့်ရှုပေးပြီး Physiotherapy, Occupational Therapy, Speech Therapy တို့ဖြင့်လည်း ကုသပေးပြီး လိုအပ်သောမသန်စွမ်းသူများကို ခြေတုလက်တုနှင့် အားပြုကိရိယာ များကို Prosthetis & Orthotis Workshop မှ ပြုလုပ်ပေးပါသည်။