လွိုင်လင် ပြည်သူ့ဆေးရုံကို (၁၉၄၆) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၄၈-၁၉၄၉) ခုနှစ် တွင် မြို့နယ်ဆေးရုံအဖြစ် စတင်ဖွင့်လှစ် ခဲ့ပါသည်။ (၁၉၈၄) ခုနှစ်တွင် ခရိုင်ဆေးရုံကြီး(ခုတင်-၁၀၀) အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရမှ(၁၁-၇-၂၀၀၂) တွင် ခုတင်(၂၀၀ဆံ့) အထွေထွေရောဂါ ကုဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပြီး (၁၁-၂-၂၀၀၃) ရက်နေ့တွင် ခုတင်(၂၀၀ဆံ့) အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးအဖြစ် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
၁။ ရပ်ကွက်(၂)၊ လွိုင်လင်မြို့
၂။ ဆေးရုံအုပ်ကြီးရုံးခန်းဖုန်းနံပါတ် – ၀၈၁၂၃၁၀၀၁၂
အရေးပေါ်နှင့် ပြင်ပလူနာဌာန – ၀၉ ၂၆၅ ၄၅၁ ၅၈၀
အီးမေးလ် – loilemgeneralhospital@gmail.com ၊ ဖက်စ်နံပါတ် – ၀၈၁၂၃၁၀၀၁၂
ပြင်ပလူနာပြသနိုင်သောအချိန်ဇယား
(က) အထွေထွေရောဂါကု ပြင်ပလူနာအချိနဇယား
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့်ရက် | အထူးကုဘာသာရပ် | ကြည့်ရှုသည့်အချိန် | |
နံနက်ပိုင်း | နေ့လည်ပိုင်း | |||
၁။ | နေ့စဉ်(စနေနေ့ မှ တနင်္ဂနွေနေ့ထိ) | အထွေထွေရောဂါ | ၀၈ : ၀၀ မှ ၁၂ : ၀၀ ထိ | ၀၁ : ၀၀ မှ ၀၄ : ၀၀ ထိ |
(ခ) အထူးကုပြင်ပလူနာအချိန်ဇယား
စဉ် | ပြင်ပလူနာ ကြည့်ရှုသည့်ရက် | အထူးကုဘာသာရပ် | ကြည့်ရှုသည့်အချိန် | |
နံနက်ပိုင်း | နေ့လည်ပိုင်း | |||
၁။ | တနင်္လာနေ့ မှ သောကြာနေ့ထိ | အထွေထွေရောဂါကု(ဆေးပညာ) | ၀၉ : ၀၀ မှ ၁၂ : ၀၀ ထိ | ၀၂ : ၀၀ မှ ၀၄ : ၀၀ ထိ |
၂။ | ခွဲစိတ်အထူးကုဘာသာရပ် | |||
၃။ | အရိုးအကြောအထူးကုဘာသာရပ် | |||
၄။ | သားဖွားမီးယပ်အထူးကုဘာသာရပ် | |||
၅။ | ကလေးအထူးကုဘာသာရပ် | |||
၆။ | နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းအထူးကုဘာသာရပ် | |||
၇။ | သွား၊ ခံတွင်း၊ မေးရိုးအထူးကုဘာသာရပ် | |||
၈။ | အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း | အသက်(၅၀)နှစ်နှင့်အထက်ကျန်းမာရေး ဝန်ထမ်း နှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း |
ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ
(၁) ပြင်ပလူနာတွင် အရေးပေါ်လူနာများအား (၂၄)နာရီ ဆေးကုသမှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်
ထားရှိပါသည်။
(၂) နိုင်ငံတော်မှ ဆေးဝါးဝယ်ယူရေးအတွက် ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် လူနာများအား
အခမဲ့ဆေးဝါးကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။
(၃) အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အသက်(၅၀)နှစ်နှင့်အထက်ကျန်းမာရေးဝန်ထမ်း နှင့် အငြိမ်းစား
နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးကုသမှုလုပ်ငန်းများနှင့် ဆေးဝါးများ ထောက်ပံ့ခြင်း
လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
(၄) ခွဲဝေချထားပေးသော ရန်ပုံငွေဖြင့် ရပ်ဝေးမှ ဆေးရုံတက်ရောက်ကုသသည့်ဆင်းရဲနွမ်းပါး လူနာ
များအား ဆေးရုံတွင်မရှိသည့် ပြင်ပမှဝယ်ယူရန် လိုအပ်သည့် ဆေးဝါး၊ စားစရိတ် နှင့် ခရီး
စရိတ်များ ထောက်ပံ့ခြင်း၊ ဘာသာစကားအခက်အခဲရှိသည့် ဆေးရုံတက် လူနာများအား
လည်း ဆေးလူမှုဆက်ဆံရေးဌာနဝန်ထမ်းများနှင့် ဖြေရှင်း ဆောင်ရွက် ပေးလျှက်ရှိပါသည်။
(၅) အခါအားလျော်စွာ ကျန်းမာရေးဝန်ကြီးဌာန၏ စီမံချက်ဖြင့်ဆောင်ရွက်သည့် မျက်စိအတွင်းတိမ်
ခွဲစိတ်ကုသမှုလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
(၆) အခါအားလျော်စွာ နယ်မြေလုံခြုံရေးအခြေအနေအရ ခရိုင်အတွင်းရှိ သွားလာရန် ခက်ခဲ
သည့် မြို့နယ်များသို့ ပြည်သူလူထု၏ ကျန်းမာရေးအတွက် အထူးကုကွင်းဆင်း ဆေးကုသမှု
လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။