လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ သမိုင်းအကျဉ်း

                   လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ စည်သူလမ်းတွင် တည်ရှိပြီး ၃၀.၈ ဧက ကျယ်ဝန်းပါသည်။ဘီးလူချောင်းမှရေကို ရေစုတ်စက်(၂)လုံးဖြင့် သွယ်ယူမောင်းနှင်းပြီး ရေအသုံးပြုလျက်ရှိပါသည်။လျှပ်စစ်မီးအား လောပိတရေအားလျှပ်စစ် ဓါတ်အားလိုင်းမှ ရရှိပါသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသည် (၁၉၆၄)ရက်နေ့တွင် ခုတင်(၁၀၀)ဆံ့အထွေထွေ ရောဂါကု ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့၍ (၁၉၉၉)ခုနှစ်တွင် ခုတင်(၂၀၀)ဆံ့ဆေးရုံကြီးအဖြစ် လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး(၂၀၁၆)ခုနှစ် ဒီဇင်ဘာလတွင် ခုတင်(၅၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့် တင်ခဲ့ပါသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား (၁၉၆၁)ခုနှစ်တွင် ပင်မနှစ်ထပ်ဆောင်အား ဆောက်လုပ်ခဲ့ ခြင်း၊ (၂၀၁၃)ခုနှစ်တွင် တိုးချဲ့နှစ်ထပ်ဆောင်(အုပ်ချုပ်မှုအဆောင်နှင့် ကလေးဆောင်) အား ဆောက်လုပ်ခဲ့ခြင်း၊ ၂၀၁၅ ခုနှစ်တွင် JICA အဆောင်(၂)ဆောင် (နှစ်ထပ်ဆောင်)ဆောက်လုပ်ခြင်း ၂၀၁၆ ခုနှစ်တွင် တိုးချဲ့နှစ်ထပ်ဆောင်(အရိုးလူနာဆောင်)အား ဆောက်လုပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပင်မလူနာနှစ်ထပ်ဆောင်(၁)ဆောင်၊ ဆေးရုံအုပ် ချုပ်မှုအဆောင်နှင့် ကလေးလူနာနှစ်ထပ်(၁)ဆောင်၊ JICA နှစ်ထပ်လူနာဆောင်(၂)ဆောင်၊ အရိုးအကြောထိခိုက်ဒါဏ်ရာလူနာဆောင်နှစ်ထပ်ဆောင်(၁)ဆောင်၊ အရေးပေါ်ဆေးကုသမှုဌာန တစ်ထပ် (၁)လုံးနှင့် ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန စိတ်ကျန်းမာရေးဌာန၊ ကင်ဆာဆေးကုဌာန၊ အထူးကုပြင်ပလူနာဌာန၊ အချုပ်သားလူနာတစ်ထပ် ဆောင် စသည့် အဆောက်အဦတို့ဖြင့် လူနာများအား ကုသမှုပေးခဲ့ပါသည်။

 ၂။ ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်းဖုန်းနံပါတ်၊ ၀၈၃-၂၂၂၂၅၁၆, ၀၈၃-၂၂၂၁၃၆၅

          E-mail- မရှိပါ

          Fax နံပါတ်၊ ၀၈၃-၂၂၂၂၅၁၆

          အရေးပေါ်နှင့်ပြင်ပလူနာဌာနဖုန်းနံပါတ်၊ ၀၉-၂၅၄၈၂၉၂၁၄

E-mail မရှိပါ

၃။ ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

          (က)အထွေထွေရောဂါကု ပြင်ပလူနာအချိန်ဇယား

စဉ်နေ့ရက်အချိန်
တနင်္လာနေ့ မှ သောကြာနေ့အထိ-နံနက် (၈:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီအထိ -နေ့လည်(၂:၀၀)နာရီ မှ ညနေ(၄:၀၀)နာရီအထိ
ရုံးချိန်ပြင်ပနှင့် အစိုးရရုံးပိတ်ရက်များတွင် အရေးပေါ်‌ကုသရန်လိုအပ်သော လူနာများအား (၂၄)နာရီ ကြည့်ရူကုသပေးလျက်ရှိပါသည်။

(ခ)အထူးကုပြင်ပလူနာအချိန်ဇယား

စဉ်အထူးကုဘာသာရပ်ကြည့်ရှုသည့်နေ့ရက်ကြည့်ရှုသည့်အချိန်
သားဖွားနှင့်မီးယပ် အထူးကုပညာဌာနဗုဒ္ဓဟူးနေ့-သားဖွား သောကြာနေ့-မီးယပ်နံနက်(၉:၀၀ မှ ၁၂:၀၀)
အထွေထွေခွဲစိတ် အထူးကုပညာဌာနတနင်္လာနေ့၊ သောကြာနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)
ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုပညာဌာနအင်္ဂါနေ့၊ ကြာသပတေးနေ့နံနက်(၉:၀၀ မှ ၁၂:၀၀)

၄။ ပြည်သူ့လူထုထံသို့ အသိပေးလိုသောအချက်များ

(၂၀၂၃)ခုနှစ် နိုဝင်ဘာလတွင် အကြမ်းဖက်သောင်းကျန်သူများကြောင့် တိုက်ပွဲများဖြစ်ပွား သဖြင့် ဝန်ထမ်းများသည် အခြားပြည်နယ်/တိုင်းများသို့ ယာယီတွဲဖက် တာဝန်ထမ်းဆောင်ခဲ့ကျ ရပါသည်။ ယခု ပြန်လည်ထူထောင်ရေးကာလအတွင်း အခြားပြည်နယ်/တိုင်းများတွင် တွဲဖက်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအား ပြန်လည်ခေါ်ယူပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုဌာန၊ အမျိုးသမီးကုသဆောင်၊ အမျိုးသားကုသဆောင်၊ ခွဲစိပ်ခန်း၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန် ဌာန၊ သွားနှင့်ခံတွင်းဌာန၊ မျက်မှန်စမ်းသပ်မှုဌာနတို့ဖြင့် လူနာများအား ကုသမှုပေးလျက်ရှိပါသည်။ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် ဆေးရုံအုပ်ကြီး(၁)ဦး၊ လက်ထောက် ဆရာဝန်(အရိုး)(၁)ဦးနှင့် လက်ထောက်ဆရာဝန်(၃)ဦးတို့ဖြင့် ကုသမှုပေးလျက်ရှိပြီး အမှတ်(၇)၊ တပ်မတော် ဆေးရုံကုတင်(၁၀၀)၊ လွိုင်ကော်မြို့မှ တွဲဖက်အနေဖြင့် အထူးကုဆရာဝန်(ခွဲစိတ် /သားဖွားမီးယပ်/မေ့ဆေး)နှင့် လက်ထောက်ဆရာဝန်တစ်ဦး၊ ပဲခူးပြည်သူ့ဆေးရုံကြီးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ နေပြည်တော်သားဖွားမီးယပ် အထူးကုဆေးရုံကြီးမှ လက်ထောက် ဆရာဝန် (၁)ဦး၊ သူနာပြုဆရာမများ၊ ကျွမ်းကျင် ဝန်ထမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာဝန်ထမ်းများဖြင့် လူနာများအား ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။