တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ်ဆေးရုံ၏ COVID-19 ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများ ကုသပေးနေမှု၊ ခွဲစိတ်ခန်းပါ တိုးချဲ့၂-ထပ်ဆောင် တည်ဆောက်နေမှု၊ ၃-ထပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်မည့်မြေနေရာ တို့သို့ … Read more

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် ပူးတွဲပါလျှောက်လွှာပုံစံအား Download ရယူဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ [embeddoc url=” http://www.doms.gov.mmwp-content/uploads/2020/12/1AS840-Advertisement.pdf” download=” all” ] လျှောက်ထားသူများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂)စောင် ပေးပို့လျှောက်ထားရမည့်အပြင် ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့ လျှောက်ထားရန်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်၌ အလုပ်သင်ဆရာဝန်တာဝန် ပြီးဆုံးမည့်သူများအနက်မှ နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂) စောင် ပေးပို့လျှောက်ထားပြီး ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများမှတဆင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့လျှောက်ထားရန်ဖြစ်သည်။ လျှောက်လွှာပုံစံ [embeddoc url=” … Read more

မသင်္ကာဖွယ် email များလက်ခံရရှိပါက လိုက်နာရန်နည်းလမ်း

မသင်္ကာဖွယ်အီးမေးလ်များ လက်ခံရရှိပါက အီးမေးလ်နှင့်ပတ်သက်သော ဆောင်ရန်၊ရှောင်ရန် အချက်များအား အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ ၁။ အီးမေးလ်များပေးပို့ရာတွင် To နှင့် CC တို့တွင် မေးလ်လိပ်စာများအား စုပြုံ၍ ပေးပို့ခြင်းထက် BCC အနေဖြင့်သာ အီးမေးလ်များကို ပေးပို့ရန်။ ၂။ မိမိနှင့်ဆက်သွယ်ဖူးခြင်း၊အီးမေးလ်ပေးပို့ဖူးခြင်း မရှိသည့်သူများထံမှ လက်ခံရရှိသော အီးမေးလ်များကို သတိပြု၍ ဖတ်ရှုရန်။ (အီးမေးလ်တွင် ပါဝင်သော link များ Attachment များ ကို ဖွင့်ခြင်း၊နိပ်ခြင်း မပြုရန်) ၃။ အီးမေးလ်အား မည်သည့်အကြောင်းကြောင့် လက်ခံရရှိသည်ကို မသိရှိပါက အဆိုပါအီးမေးလ်များကို သတိပြု၍ ဖတ်ရှုရန် ၄။အီးမေးလ်တွင်ပါဝင်သော Attachment ဖိုင်လ်များ၊ link များ ကို အဖျက်အမှောင့်လုပ်ဆောင်ချက်များ ပါရှိခြင်း ရှိ၊မရှိ သေချာအောင် စစ်ဆေးရန် … Read more