ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (World Antibiotics Awareness Week – WAAW) အထိမ်းအမှတ်အခမ်းအနားရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက်

ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hotel Melia၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်း ထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ညွှန်ကြားရေးမှူးချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်၊ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်Dr. Stephan Paul Jost ၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဝင်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)၊ သွားဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်) တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ရောဂါဗေဒ အထူးကုဆရာဝန်ကြီးများ၊ အဏုဇီဝဗေဒ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှတာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူကျန်းမာရေး/ ကုသရေးဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တို့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းတို့မှ ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ADB (GMS-HS) ၊ JICA၊ FAO ၊ DEFIT ၊ Jundento University (Japan) ၊ Niigata University (Japan)တို့မှ ကိုယ်စားလှယ်များအခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

  

အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း နှင့် အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း တို့ မှ အသီးသီး အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး အခမ်းအနားတက်ရောက် လာသူများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost မှ Key Note Presentation on Antimicrobial Resistance ကိုရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပဋီဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးအတွက် ပညာပေး ဗီဒီယို ပြသခဲ့ပြီး ဓာတ်ခွဲကျွမ်းကျင် သင်တန်းမှ သင်တန်းသား/သင်တန်းသူများမှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော Key Message များကိုင်ဆောင်၍ ကပြဖျော်ဖြေခဲ့ကြပါသည်။

 
အခမ်းအနား ဒုတိယအပိုင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာ ဌေးဌေးတင်၊ ဆေးတက္ကသိုလ် (၁) အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်း၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာမင်းဝန်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ သုတေသနအရာရှိ ဒေါက်တာအောင်ဇော်မိုး နှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း အတွင်းရေးမှူး ဒေါက်တာအေးအေးစန်း တို့မှ Antimicrobial Resistance နှင့်ပတ်သက်၍ One Health Approach ရှုထောင့်မှဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပါသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း မှ Panel Discussion တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသော ပညာရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာ ဌေးဌေးတင် မှ ပဋိဇီဝဆေးယဉ်ပါးမှု နှင့်ပတ်သက်၍ ပညာပေးဗီဒီယိုရိုက်ကူးပေးခဲ့သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) အား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost တို့မှ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW)အတွက် ကားတွန်း နှင့် ပိုစတာ ပြိုင်ပွဲတွင် ဆုရရှိသူများ ကို ဆုချီးမြှင့်ခြင်း၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ တွဲဖက်အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာ ဝင်းသိန်းမှ Key Message Show ဖြင့်ကပြဖျော်ဖြေခဲ့သော ဓာတ်ခွဲသင်တန်းသား/သင်တန်းသူများ အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ တက်ရောက်လာသူများမှ ပြခန်းများကို လှည့်လည်ကြည်ရှုခြင်း၊ Photo essay နှင့် ပဋိဇီဝဆေးယဉ်ပါးမှု ဗဟုသုတ ဉာဏ်စမ်းများဖြေဆိုခြင်းတို့ကိုလုပ်ခဲ့ကာ အခမ်းအနားကို နံနက် (၁၂:၃၀) တွင်ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသူများအား နေ့လည်စာဖြင့်တည့်ခင်းဧည့်ခံခဲ့ပါသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) သည် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့ဖြစ်ပြီးမန္တလေးမြို့တွင် နိုဝင်ဘာလ (၁၈) ရက်နေ့တွင်လည်း ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

   

   

 

Leave a Comment