မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ရန်ကုန်၊ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်

မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျသည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel, ရန်ကုန်မြို့၌ ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားကျန်းမာရေး စီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် များနှင့် တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တည်းဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ တက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးကို ရေးဆွဲထားရှိပြီးဖြစ်သော SOP နှင့် Guideline များအား အပြီးသတ် ရေးဆွဲနိုင်မည့် အစီအစဉ် များ သတ်မှတ်နိုင်ရန်၊      ရေးဆွဲထားသော SOP နှင့် Guideline များ၏ ပုံစံများကို တသမတ်တည်းဖြစ်စေရေး ညှိနှိုင်းရန်နှင့် တစ်ခုတည်းဖြစ်ပေါ်လာစေရေး ပေါင်းစပ်ရန်၊

SOP နှင့် Guideline များကို မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ် ဆေးရုံများတွင် လက်တွေ့ကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေ များ ဖြစ်စေရေး ညှိနှိုင်းရန် ရည်ရွယ်ချက်များ ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အစည်းအဝေးတွင် အဆင့်ဆင့်ရေးဆွဲထားသော SOP နှင့် Guidelines များနှင့် Basic Essential Clinical Services များတို့နှင့် ပတ်သက်၍ သုံးသပ် ဆွေးနွေးကြပြီး အပြီးသတ် ပြင်ဆင်ရေးဆွဲမည့် အစီအစဉ်များကို သတ်မှတ်ကြကာ အစည်းအဝေးကို နေ့လယ် (၂:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှု (Universal Health Coverage)ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓိကပန်းတိုင်အဖြစ် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(Basic Essential Package of Health Services) ကို နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားကျန်းမာရေးစီမံကိန်းကို မြို့နယ်များနှင့်အောက်ခြေဒေသများတွင် စတင်၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက် ပေးမည့် မရှိမဖြစ် အခြေခံကုသရေးလုပ်ငန်း(Basic Essential Clinical Services) ကို သတ်မှတ် ပေးခြင်း၊  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  စံလမ်းညွှန်များ (Standard Operating Procedure – SOP) နှင့် ညွှန်ကြားချက်များ (Guidelines)ကို ပြုစုရေးဆွဲခြင်း၊ အဆိုပါ ကုသရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များ တွက်ချက်ခြင်း (Costing) တို့ကို ကုသရေးဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)အရ Basic Essential Package of Health Services ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုသရေးဦးစီးဌာနမှ Basic Essential Clinical Services အပိုင်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး SOP/Guideline များ အချိန်မီ အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် တည်းဖြတ်ရေးအဖွဲ့အား အဖွဲ့ဝင် (၁၃)ဦးဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၃၀-၈-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁၀၈/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

  

 

 

Leave a Comment