အကြံပေးအတိုင်ပင်ခံ(၂)ဦး ခန့်အပ်ခြင်း

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်နှင့် Unicef (Myanmar)တို့ ပူးပေါင်း၍ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန်အတွက် အကြံပေးအတိုင်ပင်ခံ(၂)ဦးအား ခေါ်ယူ၍ SOP Guidelines ရေးဆွဲ နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်များသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် အကြံပေး အတိုင်ပင်ခံ (၂)ဦးတို့ဖြင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား(၇-၁-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ SOP Guidelines for Medical Social Work သည် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းဖြစ်၍ ပြည်ထောင်စုဝန်ကြီးမှ အလေးထားဆောင်ရွက်ရန်ရှိပါကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားခဲ့ပါသည်။ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာတွင် ကုသရေး ဦးစီးဌာနမှ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး … Read more

Training of Trainer on Hospital Reception Services သင်တန်း ကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင်(၁၀၀)ဆံ့နှင့်အထက် ပြည်သူ့ ဆေးရုံများတွင်  ဆောင်ရွက်နေသည့် Hospital Reception Services လုပ်ငန်း ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား မွမ်းမံသင်တန်းပေး၍ သင်တန်းဆင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် စုရပ်ပြုလုပ်ပြီး Hospital Receptionist ဝန်ထမ်းများ အား ဆင့်ပွားသင်တန်းပြုလုပ်ပေး၍ ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။   သင်တန်းဖွင့်ပွဲအား (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ပြုလုပ်၍ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)မှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင်  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)မှ သင်တန်းဆင်းအမှာစကားပြောကြား၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ပူးတွဲတာဝန်)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသို့  … Read more

Evaluation Workshop on Performance of Medical Social Workers အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ပူးပေါင်း၍ Evaluation Workshop on Performance of Medical Social Workers အလုပ်ရုံ ဆွေးနွေးပွဲကို မြတ်နန်းယုံဟိုတယ်၊ နေပြည်တော်တွင် (၂၅-၉-၂၀၁၉)ရက်နေ့မှ(၂၇-၉-၂၀၁၉) ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲလာစေရန်၊ စနစ်တကျပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရာတို့တွင် လျှင်မြန်လွယ်ကူအဆင်ပြေစေရန်၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းအချင်းချင်း တွေ့ဆုံ၍ ကောင်းမွန်သည့်နည်းလမ်းများဖော်ထုတ်ရန်တို့အတွက် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပြီးစီးမှုအား တင်ပြအစီရင်ခံခြင်း ဖြစ်ပါသည်။   (၂၅-၉-၂၀၁၉)ရက်နေ့၌အလုပ်ရုံဆွေးနွေးပွဲစတင်ဖွင့်လှစ်ခဲ့ပြီးဒေါက်တာစိုးဦး၊ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားသည် (၂၀၁၇)ခုနှစ်မှ (၂၀၁၉) ခုနှစ်ထိ (၃)နှစ်တာကာလအတွင်း ဆေးလူမှုဆက်ဆံ ရေးလုပ်ငန်းဆောင်ရွက်မှုများအား ဆန်းစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း၊ ပြည်သူလူထု … Read more