Video Conferencing on COVID-19 infection of Healthcare Workers ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါပိုးကူးစက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ IPC focal person များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အစည်းအဝေးတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ(ဆေးပညာ) ပါမောက္ခဒေါက်တာမာမာကြည်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့မှ ဆေးရုံအုပ် … Read more

Workshop on SOP and Guideline for Medical Social Workers (Mandalay)

ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် (မူကြမ်း)အပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ဒုတိယအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား သင်တန်းခန်းမ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၂၃-၇-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက်ခဲ့ရာ ဒေါက်တာစုစုဒွေး၊ ဆေးရုံအုပ်ကြီးမှ အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆေးရုံအုပ်ကြီး မှ ပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေဖြင့် လူနာများ၏အရေးကိစ္စအား ဆောင်ရွက်ပေးရာတွင် NGOs, INGOs များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် တာဝန်ကျရာ ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့ရာ၌ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ အခြေအနေမဲ့ လူနာ များကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရဲစခန်း၊ ထွေအုပ်၊ … Read more

Workshop on SOP and Guideline for Medical Social Workers (Yangon)

ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် မူကြမ်းအပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ပထမအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား အစည်းအဝေးခန်းမ၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီး၊ ရန်ကုန်တွင် (၂၀-၇-၂၀၂၀)ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက် ခဲ့ရာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာအေးအောင်မှ အမှာစကား ပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပါသည်။ ဆေးရုံအုပ်ကြီးမှပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာ မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ဆောင်ရွက်နေသည့်လုပ်ငန်းဖြစ်ကြောင်း၊ လူနာများ Standard Treatment ရရှိစေရန် စုံစမ်းလေ့လာနေရမည် ဖြစ်ကြောင်း၊ Ethical Issue များကိုလည်းသိရှိပြီး ထိခိုက်မှုရှိ/မရှိ ဆန်းစစ်ရန်လည်း လိုအပ်ကြောင်း၊ ဆရာဝန်၊ သူနာပြုများ အနေဖြင့် လူနာများအား … Read more