မကွေးတိုင်းဒေသကြီးခရီးစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာလှသည် (၂၁-၂-၂၀၂၀) ရက်နေ့၊ ညနေ(၄:၀၀) နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့၌  တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ COVID-19 အတွက် Hospital Preparedness အခြေအနေကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။ (၂၂-၂-၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သရက်မြို့သို့ ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများ ရုံးတက်/ရုံးဆင်း လက်မှတ် ထိုးရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊  တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is medicine) ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ရန်၊ အင်္ဂလိပ်စာ တိုးတက်ရေး … Read more

Symposium on Patient Safety ကျင်းပပြုလုပ်ခြင်း

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်မှ (၁၇)ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံ၏ ဆွေးနွေးပွဲတစ်ခုအဖြစ် Symposium on Patient Safety ကို ဆေးသုတေသနဦးစီးဌာန၊ Auditorium 2 ၌ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက် (၉:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ခွဲစိတ်) ပါမောက္ခဒေါက်တာအေးမွန်က Surgical Safety အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(ဓာတ်ခွဲ) ဒေါက်တာခင်ချစ်က Medication Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ … Read more

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ ဦးဆောင်သောအဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံ(၃)ရုံမှ တာဝန်ခံဆရာဝန်များနှင့် တွေ့ဆုံအမှာစကားပြော ကြားခြင်း၊ ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။