ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ ချင်းပြည်နယ်အတွင်းရှိ ဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး (စီမံကိန်း)မှ ဒေါက်တာဝင်းရည်မွန် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာရေး)၊ လက်ထောက် ညွှန်ကြားရေးမှူး(စီမံကိန်း) တို့သည် World Bank (Component-2) ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ချင်း ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြပါသည်။ ချင်းပြည်နယ်အတွင်းရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ (၄-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ရိခေါဒါရ်တိုက်နယ်ဆေးရုံသို့ (၅-၁၁-၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊ ဖလမ်းပြည်သူ့ဆေးရုံကြီးသို့ (၆-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ထန်တလန် မြို့နယ်ဆေးရုံနှင့် မှောင်တလန်တိုက်နယ်ဆေးရုံသို့ (၇-၁၁-၂၀၁၉) ရက်နေ့တွင်လည်းကောင်း သွားရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆေးရုံများ၏ဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံများ၏လိုအပ်ချက်များ၊ ဗဟိုအဆင့်မှ တာဝန်ယူဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။   ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးခြင်း မှတ်တမ်းဓါတ်ပုံများ   … Read more

Workshop on Output from Evaluation of Hospital Performance Indicators အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်၍ ဗဟို အဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၏ ဆေးရုံ စွမ်းဆောင်ရည် အညွှန်းကိန်းရလာဒ်များ ပြန်လည်ဝေမျှခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Man Myanmar Hotel ၌ (၂၆-၉-၂၀၁၉)ရက်နေ့မှ (၂၇-၉-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ လက်ထောက်ဆရာဝန်များ၊ ဦးစီးအရာရှိ များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာစိုးဦး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆေးရုံလုပ်ငန်း စွမ်းဆောင်ရည်အညွှန်းကိန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းသည် များစွာ အရေးကြီးပါ ကြောင်းနှင့် ဆေးရုံလုပ်ငန်းစွမ်းဆောင်ရည် အညွှန်းကိန်းရလာဒ်များကို ယခုလို ပြန်လည်ဝေမျှခြင်း သည် ကုသရေးဦးစီးဌာနလက်အောက်ရှိ … Read more

Workshop on Evaluation of Hospital Performance Indicators of Central, State/Region and Township Hospitals အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်၍ ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံများ၏ ဆေးရုံစွမ်းဆောင်ရည် အညွှန်းကိန်းများ ပြန်လည်ဆန်းစစ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ Royal Naypyitaw Hotel ၌ (၉-၉-၂၀၁၉) ရက်နှင့် (၁၀-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဗဟိုအဆင့်ဆေးရုံအုပ် ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဒုတိယပြည်နယ်/တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးများမှ ၊ ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြား၍ ဆေးရုံလုပ်ငန်း စွမ်းဆောင်ရည်အညွှန်းကိန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းသည် များစွာအရေးကြီး ပါကြောင်း၊ ဆေးရုံလုပ်ငန်းစွမ်းဆောင်ရည်အညွှန်းကိန်းများကို စိစစ်ဖော်ထုတ်ခြင်းသည် ပိုမို … Read more