Consultation Meeting to Develop Integrated Checklists အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar COVID-19 Emergency Response Project (M-CERP) စီမံချက်ဝင်ဆေးရုံများအား Monitoring and Evaluation ပြုလုပ်ရန် Checklist ရေးဆွဲခြင်းအစည်းအဝေးကို မန်းမြန်မာဟိုတယ်၊ နေပြည်တော် တွင် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ (M-CERP) စီမံချက်တွင် ပါဝင်ဆောင်ရွက်သည့်ဌာနများမှ ညွှန်ကြားရေးမှူး များနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) မှ (M-CERP) စီမံချက်ဝင်ဆေးရုံများတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား Monitoring and Evaluation ပြုလုပ်မည် ဖြစ်ပါကြောင်းနှင့် Monitoring and Evaluation Indicators … Read more

ကုသရေးဦးစီးဌာနမှ ချင်းပြည်နယ်ဆေးရုံများသို့ သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့နယ်ဆေးရုံနှင့် တွန်းဇံမြို့နယ်ဆေးရုံတို့အား ခုတင်အဆင့်မြှင့်တင်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးဆောင်၍ ဒေါက်တာတင်မောင်ဆွေ၊ ညွှန်ကြားရေးမှူး(ဝယ်ယူရေး)၊ ဒေါက်တာမေလင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း)နှင့် ဦးကျော်ဇောဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာBME)တို့ပါဝင်သောအဖွဲ့သည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ချင်းပြည်နယ်သို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊နေ့လည် (၁:၀၀)နာရီတွင် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌  ကုသရေးရေးဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း          အစည်းအဝေးကျင်းပခဲ့ကြပါသည်။ အစည်းအဝေးကို ဒုတိယညွှန်ကြားရေးမှုးချုပ်(စီမံ/ဘဏ္ဍာ)၊ ကုသရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းလုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိသည့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံကိန်း)မှ စီမံကိန်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း ပြောကြား၍ ကုသရေးရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများအား စနစ်တကျ အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများအား အမျိုးသားကျန်းမာရေးစီမံကိန်း National Health Plan(2017-2021) နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (MSDP) များသို့ ဦးတည်ဆောင်ရွက်ကြရန် စည်းဝေးညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် ယခုရေးဆွဲ ကြရမည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်   စီမံကိန်း လုပ်ငန်း … Read more

ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)၊ ဒေါက်တာရဲမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကုသရေးဉီးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ဒေါက်တာနှင်းမြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)နှင့် ဒေါ်စန္ဒီမွန်၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ပါဝင်သော အဖွဲ့ဝင်များသည် (၂၈-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ရန်နှင့် စိုင်ကောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အင်းကန် ကျေးရွာ၊ သားမျှားကျေးရွာတို့တွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံခြင်းအပေါ် မြေပြင်တွေ့ရှိချက် များအား စိစစ်သုံးသပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ ခုတင်အဆင့်မြှင့်တင်ရန်နှင့် တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေး ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ‌ တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။   … Read more