တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် သည် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာစောသက်လျာအောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ကုသရေးဦးစီးဌာန၌ ခရိုင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင် က –ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၁၁-၁-၂၀၂၀) ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အတူ သီပေါမြို့နယ်ပြည်သူ့ဆေးရုံနှင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံများ သို့ ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ • ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၁-၁၂-၂၀၁၉) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီခင်နှင့်အတူ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ (၂၂-၁၂-၂၀၁၉) ရက်တွင် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ • ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက -ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းစီမံချက်ကို ဆက်လက်ဆောင်ရွက် ခဲ့ရာ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။   ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။    ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၄-၁၁-၂၀၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး … Read more

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သတင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထောက်ကူ ပံ့ပိုးမှုဖြင့် Medical Audit System ကို အကောင်အထည်ဖော်နိုင်ရန် ခြေလှမ်းအစဖြစ် The Initiation of Medical Audit System အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး ဒေါက်တာရီရီမြင့်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Dr Stephan Paul Jost (WR Myanmar … Read more

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ၊ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ၊ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ကြပါသည်။ • ဆက်လက်၍ ခရိုင်/မြို့နယ်ပြည်သူ့ဆေးရုံ ၆ ရုံအား Check list ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည် … Read more