ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်ရာထူးနေရာများအတွက် ပူးတွဲပါလျှောက်လွှာပုံစံအား Download ရယူဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ [embeddoc url=” http://www.doms.gov.mmwp-content/uploads/2020/12/1AS840-Advertisement.pdf” download=” all” ] လျှောက်ထားသူများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂)စောင် ပေးပို့လျှောက်ထားရမည့်အပြင် ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့ လျှောက်ထားရန်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်၌ အလုပ်သင်ဆရာဝန်တာဝန် ပြီးဆုံးမည့်သူများအနက်မှ နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လျှောက်လွှာမူရင်း (၂) စောင် ပေးပို့လျှောက်ထားပြီး ပူးတွဲပါ ကြိုတင်ဆန္ဒပြုလွှာအား Download ရယူဖြည့်စွက်၍ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများမှတဆင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ (၅-၁-၂၀၂၁) ရက်နေ့အရောက် ပေးပို့လျှောက်ထားရန်ဖြစ်သည်။ လျှောက်လွှာပုံစံ [embeddoc url=” … Read more