နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာကြည့်ချိန်ဇယား
[table id=8 /]
၁။ ဆေးရုံတည်နေရာနှင့်ဓာတ်ပုံ(ရှေ့၊ နောက်၊ ဝဲ၊ ယာ)
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တွင် တည်ရှိပါသည်။
၂။ စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်း
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)အား (၁၅-၁-၂၀၀၂)ရက်နေ့မှစ၍ အရုဏ်ဦး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး (၁၂-၃-၂၀၀၄)ရက်နေ့တွင် ပထမအဆင့်တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးပါသည်။ (၂၄-၃-၂၀၀၄)ရက်နေ့မှစတင်၍ ပြင်ပလူနာများကို ကြည့်ရှုကုသမှုပေးခဲ့ ပါသည်။ (၁၇-၂-၂၀၀၆) ရက်နေ့မှစ၍ အတွင်းလူနာ လက်ခံကုသမှုပေးခဲ့ပါသည်။
ဒုတိယအဆင့် တည်ဆောက်မှုလုပ်ငန်းများအား (၂၀၀၇)ခုနှစ်တွင် TZTM ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး (၂၀၀၈)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ တတိယအဆင့် တည်ဆောက်မှု လုပ်ငန်းများအား (၂၀၀၈)ခုနှစ်တွင် TZTM ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
စတုတ္ထအဆင့်အနေဖြင့် တည်ဆောက်မှုလုပ်ငန်းများကို (၂၀၀၉)ခုနှစ်တွင် TZTM ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ အဏုမြူရောင်ခြည်ဆေးကုဌာန၊ ကင်ဆာရောဂါ ဆေးကုသမှုဌာန၊ ဓာတ်ရောင်ခြည် ဌာန၊ သွေးလှူဘဏ်နှင့် ရောဂါရှာဖွေရေးဌာန၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေးဆေးကုဌာန တို့ကို အသစ်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီးကို ခုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် စတင်ဖွင့် လှစ်ခဲ့ပြီး (၁၇-၃-၂၀၀၈)ရက်နေ့မှစတင်၍ ခုတင်(၁၀၀၀)ဆေးရုံကြီးအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
ဆေးရုံမြေနေရာ အကျယ်အဝန်းမှာ မြေဧရိယာ (၁၆၆.၅၁၆)ဧကရှိပါသည်။
၃။ ဆက်သွယ်ရမည့်လိပ်စာ
ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း) – 0673421452
အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း) – 09-254389334
၅။ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပြည်သူလူထု ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးကုသမှုဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့မှ လူနာများ၏ ရောဂါများအား အကောင်းဆုံးနည်းလမ်းဖြင့် ကုသမှု ခံယူနိုင်ရေးအတွက် Clinical Meeting များ၊ Refresher Training on Job Training များပြုလုပ်ပေး လျက်ရှိကြောင်း၊ လူနာများဆေးရုံဆင်းသည့်အချိန်တွင် လူနာ၏ ဆွေမျိုးများ၊ လူနာစောင့်များအား ဆေးရုံတက်ရောက်နေစဉ် ကာလအတွင်း စိတ်ကျေနပ်မှုရှိ/မရှိ၊ လိုအပ်ချက်များပြုပြင်ရန် D/C Parade ပြုလုပ်လေ့ရှိပါကြောင်း၊ အရေးပေါ်လူနာများအား နေ့၊ညမရွေး လာရောက်ကုသနိုင် ကြောင်း၊ အထူးကုပြင်ပလူနာဌာနတွင် သက်ဆိုင်ရာရောဂါအလိုက် ကုသမှုခံယူနိုင်သည့် အခြေ အနေများကို ရှင်းပြပေးပါကြောင်း၊ ဆေးရုံကြီး၏ ဆေးကုသဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြုပြင်ရမည့်အချက် များကို Suggestion လုပ်နိုင်ပါကြောင်း ရှင်းပြပါသည်။ ဆေးရုံကြီး၏ ကုသမှုဆိုင်ရာ ဝန်ဆောင်မှုများအားလည်း ဝန်ကြီးဌာန Website မှတဆင့် အသိပေးရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။