ကလေးပြည်သူ့ဆေးရုံကြီး၊ကလေးမြို့

  • ဆေးရုံသမိုင်းအကျဉ်း၊ တည်နေရာနှင့် ဓာတ်ပုံများ
  • (၁၉၅၉) ခုနှစ်တွင် (၁၆) ခုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် ကလေးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
  • (၁၉၆၄) ခုနှစ်တွင် (၂၅) ခုတင်ဆံ့ မြို့နယ်ဆေးရုံအဖြစ် တိုးမြှင့်ခဲ့၍ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • (၁၉၉၁) ခုနှစ်တွင် (၅၀) ခုတင်ဆံ့ ခရိုင်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
  • (၁၉၉၈) ခုနှစ်တွင် (၂၀၀) ခုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ခဲ့ပါသည်။
  • (၂၀၁၆) ခုနှစ်တွင် (၃၀၀) ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ်သို့ တိုးမြှင့်၍ ယခုအချိန်ထိ ကုသဆောင်ရွက်လျက် ရှိပါသည်။
  • တည်နေရာနှင့် အခြေခံအချက်အလက်များ  
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာ ရပ်ကွက်၊ နယ်မြေ ( ၅ )၊

ကလေး-ကလေးဝ ကားလမ်းမကြီး (ဘုရင့်နောင်လမ်းမ)

  • အကျယ်အဝန်း                            –    (၁၃.၁၁၉) ဧက
  • မြေပိုင်ဆိုင်မှု                               –    ဂရန် ရရှိပြီး
  • ရေရရှိမှု                                     –    အဝီစိတွင်းရေ
  • လျှပ်စစ်မီးရရှိမှု                            –    မဟာဓာတ်အားလိုင်း၊ မီးစက် စုစုပေါင်း (၉) လုံး၊ Solar Inverters
  • ဆေးရုံအဆောက်အဦအခြေအနေ    –    လူနာဆောင်အားလုံး၊ RC တိုက်များဖြစ်၍ အခြေ အနေကောင်းမွန်မှုရှိပါသည်။ ဓာတ်ခွဲခန်းမှာ နံကပ် တစ်ထပ်ဖြစ်၍ အသုံးပြု၍ရလျှက်ရှိပါသည်

(ပုံစံငယ်မြေပုံ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြ အပ်ပါသည်)

  • ဆက်သွယ်ရမည့်လိပ်စာ                –    ဆေးရုံအုပ်ကြီးရုံးခန်း (၀၉၂၁၃၂၂၄၉/၀၉၉၅၃၁၀၀၈၃၃)၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန (၀၉၉၈၁၉၀၉၂၇၆)၊

အီးမေးလ် (kalaygeneralhospital300@gmail.com)

ဖက်စ်နံပါတ် (၀၇၃၂၁၆၃၇)

ပြင်ပလူနာ အချိန်ဇယား

(က) အထွေထွေရောဂါကု ပြင်ပလူနာ ကြည့်ရှုကုသပေးသည့် အချိန်မှာ နေ့စဉ် (ပိတ်ရက်မရှိ) နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ဖြစ်ပါသည်။

(ခ) အထူးကုပြင်ပလူနာအချိန်ဇယား

ပြင်ပလူနာ အချိန်ဇယား

(က) အထွေထွေရောဂါကု ပြင်ပလူနာ ကြည့်ရှုကုသပေးသည့် အချိန်မှာ နေ့စဉ် (ပိတ်ရက်မရှိ) နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ဖြစ်ပါသည်။

(ခ) “ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၏ အထူးကုပြင်ပလူနာကြည့်ရှုမှုအချိန်ဇယား”

တနင်္ဂလာနေ့

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုကုသချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းညနေပိုင်း
၁။ ဆေးပညာ(သမားတော်)(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၂။ မျက်စိအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီမျက်စိကုသဆောင်
၃။ စိတ်ကျန်းမာအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန

အင်္ဂါနေ့

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုကုသချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းညနေပိုင်း
၁။ ကလေးအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၂။ သားဖွားမီးယပ်အထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီသားဖွားမီးယပ်ဆောင်
၃။ စိတ်ကျန်းမာအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန

ဗုဒ္ဓဟူးနေ့

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုကုသချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းညနေပိုင်း
၁။ ခွဲစိတ်အထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၂။ အရိုးရောဂါအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန

ကြာသပတေးနေ့

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုကုသချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းညနေပိုင်း
၁။ ကလေးအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၂။ သားဖွားမီးယပ်အထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီသားဖွားမီးယပ်ဆောင်
၃။ စိတ်ကျန်းမာအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန

သောကြာနေ့

စဉ်ပြင်ပလူနာ ကြည့်ရှုသည့်ရက်အထူးကုဘာသာရပ်ကြည့်ရှုကုသချိန်ကြည့်ရှုသည့်နေရာ
နံနက်ပိုင်းညနေပိုင်း
၁။ ဆေးပညာ(သမားတော်)(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၂။ မျက်စိအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီမျက်စိကုသဆောင်
၃။ စိတ်ကျန်းမာအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၄။ ခွဲစိတ်အထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန
၅။ အရိုးရောဂါအထူးကု(၁၀) နာရီမှ (၁၂) နာရီ(၂) နာရီမှ (၄) နာရီအထူးကုပြင်ပလူနာဌာန

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

  • ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၏ ပြင်ပလူနာဌာနအား နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ဆရာဝန်များမှ အခမဲ့ကြည့်ရှုကုသပေးလျက်ရှိသကဲ့သို့ အထူးကု ဆရာဝန်များဖြင့် ပြသလိုပါကလည်း အထက်ဖော်ပြပါအချိန်ဇယားအတိုင်း ကြည့်ရှုကုသပေး လျက်ရှိပါသည်။
  • အရေးပေါ်လူနာများအတွက် (၂၄ နာရီ၊ ၇ ရက်) အချိန်မရွေး ဆေးရုံတက်ရောက်နိုင်ရေးနှင့် ကုသမှုပေးနိုင်ရေး ဆောင်ရွက်ထားရှိပါသည်။
  • ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့ရှိ ကျောက်ကပ်သန့်စင်ဌာနအား (၂၀၂၄ ခုနှစ် ဧပြီလ) မှ စတင်၍ ပြန်လည် ဆောင်ရွက်ပေးနေလျက်ရှိပါသည်။
  • အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း (OGD scope) အား (၂၀၂၃ ခုနှစ် စက်တင်ဘာလ) မှ စတင်၍ ခွဲစိတ်ကုသဆောင်တွင် ပြန်လည်ကြည့်ရှု ပေးလျက်ရှိပါသည်။
  • CT ဓာတ်မှန်စက်ကြီးဖြင့် CT Head ရိုက်ကူးခြင်းများအား (၂၀၂၄ ခုနှစ် မတ်လ) မှ စတင်၍ ပြန်လည် ဆောင်ရွက်ပေးနေလျက်ရှိပါသည်။
  • လူနာများစိုက်ထုတ်ကုန်ကျငွေများ လျော့နည်းစေရေး အတွက် (၂၀၂၃၂၀၂၄) ခွင့်ပြုရန်ပုံငွေ ဖြင့်ဝယ်ယူထားရှိ သော ဆေးနှင့်ဆေးပစ္စည်းများအားလုံး ရောက်ရှိပြီးဖြစ်၍ အခမဲ့ထောက်ပံ့ ပေးလျက်ရှိပါသည်။ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေ လုပ်ငန်းသုံး (၀၃၁၃) ဖြင့်လည်း အခြေခံဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ပံ့ပိုးပေးလျက်ရှိပါသည်။
  • သာမန်ဓာတ်မှန် ( X-ray ) ရိုက်ကူးမှုအားလုံးအား အခမဲ့ထောက်ပံ့ပေးလျက်ရှိပါသည်။
  • ဓာတ်ခွဲ စမ်းသပ်မှု အများစု ( ၃၂ မျိုး ) အား အတွင်းလူနာများအတွက် အခမဲ့ ထောက်ပံ့ ပေးလျက်ရှိကာ ( ၉ မျိုး ) အား စရိတ်မျှပေး ဆောင်ရွက်လျက်ရှိပါသည်။
  • (၂၄) နာရီ သန့်စင်သောသွေးသွင်းကုသမှု ရရှိရေးအတွက် ချိတ်ဆက် သိုလှောင်ဆောင်ရွက် ထားရှိပြီးဖြစ်ပါသည်။
  • ဆေးရုံတက်လူနာများအားလုံးအား (အင်္ဂါ/ကြာသပတေး) နေ့များတွင် ဆန်ပြုတ်၊ (တနင်္ဂလာ/ဗုဒ္ဓဟူး/သောကြာ) နေ့များတွင် ကြက်ဥနှင့် ကွေကာ  အာဟာရများ ထောက်ပံ့ ကျွေးမွေးလျက်ရှိပါသည်။
  • လူနာများ/လူနာစောင့်များ/ဝန်ထမ်းများ အသုံးပြုရန်အတွက် အားကစားပြုလုပ်သည့် ပစ္စည်းများ၊ ခြင်းခတ်ကွင်းတစ်ခုနှင့် ကလေးကစားကွင်းတစ်ခုအား (၁.၆.၂၀၂၄) ရက်နေ့မှ စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။
  • လူနာများ/လူနာစောင့်များ/ဝန်ထမ်းများ နားနေစိတ်ကြည်နူးရန်အတွက် လူနာဆောင် အရှေ့ရှိ ရေကန်အား ပြန်လည်တူးဖော်ဆယ်ယူခြင်း၊ အုတ်ခုံများပြုလုပ်ခြင်း၊ ပန်းအလှပင် များစိုက်ပျိုးခြင်း၊ ရေပန်းတပ်ဆင်ခြင်းများအား (၂၀၂၄ မေလတွင်) ဆောင်ရွက် ပြီးစီးခဲ့သလို အပန်းဖြေအနားယူရန်အတွက် Landscaping နှင့် စားပွဲထိုင်ခုံများကိုလည်း (၂၀၂၄ ဇူလိုင်လတွင်) ပြုလုပ်ထားရှိပေးလျက်ရှိပါသည်။
  • လူနာများ/လူနာစောင့်များ/ဝန်ထမ်းများ အဆင်ပြေစေရေးအတွက် စားသောက်ဆိုင် (Canteen) တစ်ခုအား ဆေးရုံဝင်းထဲတွင် (၂၃.၆.၂၀၂၄) ရက်နေ့မှစတင် ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပါသည်။
  • လူနာများ/စောင့်များ၊ ဝန်ထမ်းများအတွက် အဆင်ပြေစေရန် အခမဲ့ Cycle stand အား (၁.၅.၂၀၂၄) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ဆေးရုံတက် လူနာများ၏ အကြံပြုချက်များအား တောင်းခံ၍ လူနာများ၏အကြံပြုချက်များ အရ (၂၀၂၄-ခုနှစ် အတွင်းတွင်) အိမ်သာရေမြောင်းများပြင်ဆင်ခြင်း၊ ခြေနင်းခုံများ တပ်ဆင်ခြင်း၊ ရေချိုးခန်းများ သွားရာလမ်း ကြွေပြားခင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လူနာစောင့်များ ထမင်းစားနိုင်ရေး စားပွဲရှည်၊ ထိုင်ခုံရှည်များ ထပ်မံဖြည့်တင်း ပေးနိုင်ခဲ့ ပါသည်။ နွေရာသီကာလအတွက် မျက်နှာကျက်ပန်ကာများ ပြုပြင်တပ်ဆင်ပေးခဲ့ပါသည်။ ခြင်ထောင် ထောင်နိုင်ရေး လိုက်ကာတန်းများ တပ်ဆင်ပေးခဲ့ပါသည်။ ဘေစင်ဘဲလ်များ၊ ရေချိုးကန်ပုံးများ၊ တံခါးဂျက်များ၊ မီးလုံးများ လဲလှယ်ပေးနိုင်ခဲ့ပါသည်။
  • လူနာများ/စောင့်များ အသုံးပြုနိုင်ရေး (၂၀၂၄-ခုနှစ် ဇွန်လ မှစတင်၍) အခမဲ့ WiFi များ လူနာဆောင်တိုင်းတွင် တပ်ဆင်ပေးခဲ့ပါသည်။
  • လူနာဆောင်တိုင်းတွင် Solar များ၊ Inverter များ၊ Battery များအပြင် မီးစက်များအားလုံး ပြုပြင်တပ်ဆင်ပြီး၍ အလင်းရောင်ရရှိစေရေး၊ သန့်ရှင်းသော ရေ (၂၄) နာရီ ရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိပါသည်။
  • သောက်ရေသန့်စက် ပြန်လည်ပြုပြင်၍ လူနာများသို့ သောက်ရေသန့် အခမဲ့ ပေးနိုင် လျက်ရှိပါသည်။
  • Oxygen စက်ရုံ ပြန်လည် လည်ပတ်၍ လူနာများသို့ Oxygen အခမဲ့ ပေးလျက်ရှိပါသည်။
  • ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တိုင်းတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါသည်။
  • မူးယစ်ဆေးစွဲလူနာများ အတွက် Methadone Center အား နားခိုရာ ( NGO ) အဖွဲ့ဖြင့် ပူးပေါင်း၍ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့တွင် Methadone Replacement Therapy ဆေး တိုက်ကျွေးကုသပေးလျက်ရှိပါသည်။
  • ပြည်သူ့ဆေးရုံကြီးတွင် ခုခံကျကာလသားရောဂါသည်များအတွက် ART ဌာနဖွင့်လှစ်၍ အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် လူကြီးလူနာများ၊ တနင်္ဂလာနှင့် သောကြာနေ့များ တွင် ကလေး လူနာများအား ART ဆေးများတိုက်ကျွေးလျက်ရှိရာ လက်ရှိ သောက်သုံး နေရသူ လူနာပေါင်း (၂၉၂၄) ဦး ရှိပါသည်။
  • Infection control ကောင်းမွန်စေရေး ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၏ Infection Prevention Control Manual ရေးဆွဲ၍ Action Plan များ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
  • ဆေးရုံသန့်ရှင်းသာယာလှပရေး လုပ်ငန်းများဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။
  • ကျန်းမာရေးဝန်ထမ်းများ၏ ကုသမှုအရည်အချင်းတိုးတက်ပြည့်ဝစေရေးအတွက် ကလေး ပြည်သူ့ဆေးရုံ၏ CME/CNE များကို လစဉ်ပုံမှန်ပြုလုပ်ဆောင်ရွက်လျက်ရှိသလို လစဉ် ဝန်ထမ်းစုံညီအစည်းအဝေး၊ ဆေးရုံစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၊ ဆေးနှင့် ဆေးပစ္စည်းကြီးကြပ်မှုကော်မတီအစည်းအဝေး၊   Infection Prevention Control Committee အစည်းအဝေးတို့အား လစဉ် ပုံမှန်ပြုလုပ်၍ ညှိနှိုင်းစုပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
  • အရည်အသွေးမြင့်မားသော ကုသမှု၊ အန္တရာယ်ကင်းသော စောင့်ရှောက်မှုများ ( Hospital quality and patient safety ) ဖြစ်ပေါ်လာရေးအတွက် ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့အနေဖြင့် ရည်မှန်းချက် (Vision)၊ ဆောင်ပုဒ်/ လမ်းကြောင်း (Mission)၊ အဓိကတန်ဖိုးများ (Values/Principles) ရေးဆွဲချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။