ဖြူးပြည်သူ့ဆေးရုံကြီး

ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ

တည်နေရာနှင့်ဓါတ်ပုံ

          ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၏ တည်နေရာမှာ ဆေးရုံရပ်ကွက်၊ ဗိုလ်ချုပ် လမ်းတွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် အမှတ်(၃၀၆)ခြေမြန်တပ်ရင်အဟောင်း၊ တောင်ဘက် တွင် ဘောလုံးကွင်းရပ်ကွက်၊ အနောက်ဘက်တွင် ဆေးရုံပိုင်းရပ်ကွက် နှင့် မြောက်ဘက်တွင် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတို့ တည်ရှိပါသည်။

ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ ရှေ့မျက်နှာစာဓါတ်ပုံ

ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ အနောက်မျက်နှာစာဓါတ်ပုံ

ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ ‌တောင်ဘက်မျက်နှာစာဓါတ်ပုံ

ဖြူးမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ မြောက်ဘက်မျက်နှာစာဓါတ်ပုံ

စတင်တည်ထောင်ခဲ့သော ခုနှစ်နှင့်သမိုင်းအကျဉ်း

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးကို-

  • ၁၉၃၀ ခုနှစ်တွင် (၂၅)ခုတင်ဆံ့မြို့နယ်ဆေးရုံကို နိုင်ငံတော်ငွေဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
  • ၁၉၇၀ ခုနှစ်တွင် (၅၀)ခုတင်ဆံ့မြို့နယ်ဆေးရုံကို ပြည်သူ့လူထုလှူဒါန်းငွေများဖြင့် တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ပါည်။
  • ၂၀၁၁ ခုနှစ်တွင် (၅၀)ခုတင်ဆံ့မြို့နယ်ဆေးရုံသစ်ကို (Max Myanmar) မှ သိန်းပေါင်း (၁၇၆၀၀)ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။
  • ၂၀၁၂ ခုနှစ်တွင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

          ဗိုလ်ချုပ်လမ်း၊ ဆေးရုံပိုင်းရပ်ကွက်၊ ဖြူးမြို့

ဆေးရုံအုပ်ရုံးခန်း(လက်ကိုင်ဖုန်း)၊

          ၀၉-၂၅၀၁၂၅၃၉၉                နှင့်    

အရေးပေါ်နှင့်ပြင်ပလူနာဌာန(လက်ကိုင်ဖုန်း)

          ၀၉-၂၅၂၄၅၃၉၉၆

အီးမေးလ်နှင့် ဖက်စ်နံပါတ်

Hsulay089@gmail.com   &  0542840016

ပြင်ပလူနာပြသနိုင်သော အချိန်ဇယား

(က)အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား

နေ့စဉ်(၂၄)နာရီ

(ခ)အထူးကုပြင်ပလူနာအချိန်ဇယား

တနင်္လာအထွေထွေရောဂါ၊ကလေးလူနာ၊ အရိုးအကြောလူနာ၊ Ultrasound      နံနက်(၉)နာရီမှ (၁၂)နာရီထိ   နေ့လည်(၂)နာရီမှ (၄)နာရီထိ
အင်္ဂါအထွေထွေရောဂါ၊ကလေးလူနာ၊ ခွဲစိတ်လူနာ၊ သားဖွားမီးယပ်လူနာ၊Ultrasound
ဗုဒ္ဓဟူးအထွေထွေရောဂါ၊ကလေးလူနာ၊ အရိုးအကြောလူနာ၊ သားဖွားမီးယပ်လူနာ၊Ultrasound
ကြာသပတေးအထွေထွေရောဂါ၊ကလေးလူနာ၊ ခွဲစိတ်လူနာ၊ အရိုးအကြောလူနာ၊ ၊Ultrasound
သောကြာအထွေထွေရောဂါ၊ကလေးလူနာ၊ ခွဲစိတ်လူနာ၊ သားဖွားမီးယပ်လူနာ၊Ultrasound

(ဂ)Online Booking စနစ်                                (မရှိပါ)

ပြည်သူ့လူထုထံသို့ အသိပေးလိုသောအချက်များ

  • လူနာများအား (ပြင်ပလူနာနှင့်အတွင်းလူနာ) အထူးကုဆရာဝန်ကြီးများမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ (၂၄)နာရီပိတ်ရက်မရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိပါ သည်။ နိုင်ငံတော်မှထောက်ပံ့ထားသောဆေးနှင့်ဆေးပစ္စည်းအားလည်းကောင်း၊ ဓါတ်ခွဲနှင့် ဓါတ်မှန်ရောဂါရှာဖွေစမ်းသပ်မှုတို့အားလည်းကောင်း အခမဲ့စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါ သည်။
  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဖြူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ကြီးကြပ်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား လစဉ်  (၂၁)ရက် နေ့တွင်ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိပါသည်။
  • ဖြူးမြို့နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကိုလည်း လစဉ်သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု‌ပေးလျှက်ရှိပါသည်။
  • ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Dispensary (‌ဆေးပေးခန်း)အား (၂၄)နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးလျှက်ရှိပါသည်။