
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ မန္တလေးပြည်သူ့ဆေးရုံကြီး၏ Standard Treatment Guidelines ထွက်ရှိရန် ဆောင်ရွက်လျက်ရှိရာ အကြိုညှိနှိုင်းဆွေးနွေးပွဲကို (၃-၁၂-၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ဆေးပညာနှင့်နှီးနွယ်ဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲကို (၉-၁၂-၂၀၂၄) ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် (၉)ထပ်ဆောင် သင်ကြားရေးခန်းမ၌ ကျင်းပခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဆေးပညာ ပါမောက္ခ/ဌာနမှူး ဒေါက်တာအေးအေးချစ်၊ ခွဲစိတ်ပညာ ပါမောက္ခ/ဌာနမှူး ဒေါက်တာအောင်ခိုင်ဇံတို့ ဦးဆောင်သည့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ စုစုပေါင်း (၆၇)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။


