အရာတော်မြို့နယ် ပြည်သူ့ဆေးရုံ

အရာတော်မြို့နယ် ပြည်သူ့ဆေးရုံစတင်တည်ထောင်ခဲ့သောသမိုင်းအကျဉ်းချုပ်

          စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ပြည်သူ့ဆေးရုံအား ၁၉၆၀ ပြည့်နှစ်တွင် (၁၆) ကုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

          ပြည်သူ့ဆေးရုံအား ၁၉၇၀ ပြည့်နှစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့ပါသည်။

          အရာတော်မြို့နယ် ပြည်သူ့ဆေးရုံအား (၁၆-ကုတင်)ဆံ့ဆေးရုံမှ (၂၅-ကုတင်)ဆံ့ဆေးရုံ အဖြစ် (၂၁-၉-၂၀၀၄)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး (၄-၈-၂၀၀၅)ရက်နေ့တွင် ဆောက်လုပ် ပြီးစီးခဲ့ပါသည်။

          ပြင်ပလူနာဆောင်အား နိုင်ငံတော်မှ ပြုပြင်ထိန်းသိမ်းစရိတ်ရန်ပုံငွေကျပ်(၁၈၀)သိန်းဖြင့် အများပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၂၇၀)သိန်း စုစုပေါင်းငွေကျပ်(၄၅၀)သိန်း တန်ဘိုးရှိ အဆောက်အဦအသစ်အား (၁၂–၄-၂၀၁၈)ရက်နေ့တွင် စတင်ဆောင်လုပ်ပြီးစီးခဲ့ပါသည်။

          ဆေးရုံပင်မအဆောင်အား (၂၅-ကုတင်) ဆံ့စံကိုက်အဆောက်အဦးအား ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊လူနာနားနေဆောင်အား၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပါသည်။

          အရာတော်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သော  မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးများယနေ့အထိ(၁၉)ဦးရှိပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဆေးရုံအုပ်ကြီးရုံးခန်း(ကြိုးဖုန်း)၀၇၁-၂၀၆၅၀၃၄
အရေးပေါ်နှင့်ပြင်ပလူနာဌာန(ကြိုးဖုန်း)၀၇၁-၂၀၆၅၀၅၀
အီးမေးလ်း၊ ဖက်စ်နံပါတ်မရှိ

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

 အထွေထွေရောဂါကု ပြင်ပလူနာအချိန်ဇယားနံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီအထိ

ပြည်သူလူထုထံသို့ အသိပေးလိုသောအချက်များ

မြို့နယ်ပြည်သူ့ဆေးရုံတွင်နေ့စဉ် အတွင်းလူနာ/ပြင်ပလူနာများအား သတ်မှတ်သည့် အချိန် တွင် စမ်းသပ်စစ်ဆေးကုသညွှန်းပို့ပေးခြင်း၊ အသေးစားခွဲစိတ် ကုသမှုများအား ဆောင်ရွက်ပေးခြင်း၊၊ ဝန်ထမ်းအင်အား မပြည့်စုံသည့်အတွက် အကြီးစားခွဲစိတ်ကုသမှုများအား လွှဲပြောင်းညွှန်းပို့ ပေးခြင်း၊ COVID-19 ရောဂါ၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ (COVID-19 ရောဂါ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သာ ထိရောက်စွာကာကွယ်နိုင်၍ ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မကြာခဏ လက်ဆေး ခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ခြင်း စသည်တို့ကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်) ၊ COVID-19 ရောဂါ သံသယရှိလူနာများအား RDT Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ တီဘီရောဂါ သံသယရှိလူနာများအား ရောဂါရှာဖွေခြင်း (သလိပ် စစ်ဆေး ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ရောဂါရှိလူနာများအား တီဘီရောဂါကု ဆေးဝါးများ သတ်မှတ်ကာလ အတွင်း ပြည့်စုံစွာရရှိရေးဆောင်ရွက်ခြင်း၊ လစဉ် ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ သတ်မှတ်ကာလ များတွင် သလိပ်ပြန်လည် စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးယဉ်ပါး သံသယရှိ တီဘီလူနာများ နှင့် သတ်မှတ်တီဘီလူနာများအား Gene X Pert (ခေတ်မီကွန်ပျူတာရောဂါ ရှာဖွေစက်) နှင့် စစ်ဆေးနိုင်ရန် တိုင်းအဆင့်တီဘီရောဂါတိုက်ဖျက်ရေးဌာနသို့ ညွှန်းပို့ခြင်း၊ တစ်လ တစ်ကြိမ် HIV ပိုးရှိ လူနာများအား ART ဆေးပေးခြင်း၊(HIV  နှင့် Syphilis) ရောဂါရှိ/မရှိ စစ်ဆေး ပေးခြင်း၊ ပိုးမရှိ ပါတနာများအား (၆)လတစ်ကြိမ် သွေးစစ်ဆေးပေးခြင်း၊ Condomဝေခြင်း ကျန်းမာရေးအသိပညာပေးခြင်း၊ ဓါတ်ခွဲဌာန၌ မှတ်ပုံတင်ပြုလုပ်ရာတွင် သွေးအုပ်စုအမျိုးအစား စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသနေသော လူနာများအား လိုအပ်ပါက လိုအပ်သော သွေး အမျိုးအစားရရှိရေးအတွက် လူမှုကူညီရေးပရဟိတအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေး ခြင်း၊ ငှက်ဖျားရောဂါပိုး ရှိ/မရှိ စစ်ဆေးကုသပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါပိုး ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ မြွေကိုက်လူနာနှင့် ခွေးကိုက်လူနာများအား မြွေဆိပ်ဖြေဆေး နှင့် ခွေးရူးပြန် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခြင်းများေဆာင်ရွက်လျှက်ရှိပါသည်၊၊

Leave a Comment