ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်တွင် လစ်လပ်လျက်ရှိသော ဖော်ပြပါ လစ်လပ်ရာထူး(လစာနှုန်း- ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ)နေရာများအတွက်လျှောက်လွှာခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန

ကုသရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

၁။      ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်တွင် လစ်လပ်လျက်ရှိသော ဖော်ပြပါ လစ်လပ်ရာထူး(လစာနှုန်း- ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ)နေရာများအတွက် လျှောက်လွှာများ လျှောက်ထားနိုင်ပါသည်-

စဉ်ရာထူးအမည်လစ်လပ်နေရာပညာအရည်အချင်း
(က)ဆေးဘက်ကျွမ်းကျင်(၂)(ဓာတ်မှန်)၃၀ဆေးဘက်ဆိုင်ရာဓာတ်မှန်ရိုက်နှင့် ပုံရိပ်ဖော်နည်းပညာဘွဲ့
(ခ)ဆေးဘက်ကျွမ်းကျင်(၂)(ဓာတ်ခွဲ)၃၀ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာဘွဲ့
(ဂ)ဆေးဘက်ကျွမ်းကျင်(၂)(အကြော)၁၅ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှု နည်းပညာဘွဲ့
(ဃ)ဆေးဘက်ကျွမ်းကျင်(၂) (ခြေတုလက်တု)၁၀ဆေးဘက်ဆိုင်ရာခြေတုလက်တု အားပြုကိရိယာနည်းပညာဘွဲ့
(င)ဆေးဘက်ကျွမ်းကျင်(၂)(ဆေးဝါး)၃၀ဆေးဝါးသိပ္ပံဘွဲ့
(စ)ဆေးဘက်ကျွမ်းကျင်(၂)(ရူပဗေဒ)၃၀သိပ္ပံဘွဲ့ (ရူပဗေဒ)

၂။       ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

(က)    ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ)     အစိုးရဌာနတစ်ခုခု၏ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်(Dismiss)ခြင်း၊ ထုတ်ပယ်(Remove) ခြင်း၊ ရာထူးခန့်ထားခြင်းမှအမိန့်စာပယ်ဖျက်ခြင်း ခံရသူများ လျှောက်ထားခွင့် မရှိပါ။

၃။      လျှောက်ထားသူသည် အောက်ပါအချက်အလက်များကို ပြည့်စုံစွာပူးတွဲပေးပို့ရပါမည်။

(က)    ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) ဘွဲ့ရကြောင်းထောက်ခံချက်မူရင်းနှင့် အမှတ်စာရင်း မိတ္တူ၊

(ခ)     အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ

(ဂ)     တာဝန်ကျရာ မည်သည့်ဒေသမဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိပြု လွှာ၊

(ဃ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှ ထောက်ခံချက်မူရင်း

(င)     စိတ်ရောဂါ၊ မူးယစ်စေသောအရက်စွဲ/ဆေးစွဲလက္ခဏာမရှိဘဲ ကျန်းမာရေးကောင်းမွန် ကြောင်း သက်ဆိုင်ရာပြည်သူ့ဆေးရုံတွင် စစ်ဆေးချက် ဆေးထောက်ခံစာမူရင်း၊

(စ)     လျှောက်လွှာနှင့်အတူ လွန်ခဲ့သော (၃)လအတွင်း ရိုက်ကူးထားသော ရောင်စုံပတ်စ်ပို့ အရွယ်ဓာတ်ပုံ(၂)ပုံ၊

(ဆ)    အလုပ်သမားမှတ်ပုံတင်မူရင်း

(ဇ)     ပြည့်စုံစွာဖြည့်စွက်ထားသောကိုယ်ရေးမှတ်တမ်း

၄။      ဆေးဘက်ကျွမ်းကျင်(၂) (ဓာတ်မှန်)/ (ဓာတ်ခွဲ)/ (အကြော)/ (ဆေးဝါး)/ (ခြေတုလက်တု)/ (ရူပဗေဒ)များအဖြစ် ခန့်ထားခြင်း ခံရသူများသည် တာဝန်ချထားရာ ဆေးရုံ/ဌာနအသီသီး၌ နိုင်ငံ့ တာဝန်အား အနည်းဆုံး(၃)နှစ်တိတိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက သတ်မှတ်ထားသော လျော်ကြေးငွေ ကျပ်(၄)သိန်းတိတိ ပေးလျော်ရမည်။

၅။      လျှောက်လွှာများအား(၃၀-၉-၂၀၂၂)ရက်၊ ၁၆:၀၀နာရီနောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့ရမည်ဖြစ်ပါသည်။

၆။      ရေးဖြေ/နှုတ်ဖြေ ဖြေဆိုရမည့် ရက်နှင့် ဖြေဆိုခွင့်ရရှိသူများစာရင်းကို ကုသရေးဦးစီးဌာနတွင် ထုတ်ပြန်မည်ဖြစ်ပါသည်။

၇။      ဆေးဘက်ကျွမ်းကျင်(၂)(ရူပဗေဒ)ရာထူးသို့ခန့်ထားခြင်းခံရသူများသည် ဆေးဘက်ကျွမ်းကျင် (ရူပဗေဒ) (၆)လသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပါသည်။

၈။      အသေးစိတ်သိရှိလိုပါက ကုသမှုအထောက်အကူပြုဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော် ဖုန်း၊ ၀၆၇၃-၄၁၁၂၇၈/ ၄၁၁၆၁၂/ ၄၁၁၆၁၇ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

၉။      သတ်မှတ်ချက်နှင့် မကိုက်ညီမပြည့်စုံသောလျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

                                                                                                          ကုသရေးဦးစီးဌာန

Leave a Comment