ကျိုင်းတုံမြို့တွင် “ Electronic Monthly Implementation Reporting System Refresher Training ”ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ (ဘဏ္ဍာရေးဌာနခွဲ)မှ ကမ္ဘာ့ဘဏ်အဖွဲ့နှင့်အတူ (၂၀၁၉-၂၀၂၀) ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့တွင် “ Electronic Monthly Implementation Reporting System Refresher Training ” ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်နယ် ပြည်သူ့ကျန်းမာရေး / ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးမြင့်ကျော် မှ အဖွင့် အမှာစကားပြောကြားပြီး ဒေါ်မေမြတ်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲမှ လုပ်ငန်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အကျဉ်းကို ပြောကြားခဲ့ ပါသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများက ကိုယ်တိုင်မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။           ထို့နောက် ဒေါ်မြြမစီ(ကမ္ဘာ့ဘဏ်) မှ ဌစလချုပ်စာရင်းများကို Computer ဖြင့် စာရင်း ရေးသွင်းရာတွင် ဆောင်ရွက်ရမည့် Process အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသော စာရင်းကိုင်များအားလုံး … Read more