မန္တလေးတိုင်းဒေသကြီးတွင် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးလုပ်ဆောင်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာ ဌာနခွဲ၏ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များနှင့် ပူးပေါင်းကာ နွားထိုးကြီးမြို့နယ်၊  ရွာကြီးရွာတွင် (၁၅-၂-၂၀၂၀) ရက်နေ့၌ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ကာ စုစုပေါင်း (၁၈၂)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။

ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်၊ နောင်မွန်းမြို့၊ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ မိုးလုံးထွန်းလင်းအောင် ဦးဆောင်မှုဖြင့် နောင်မွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၂၀) ရက်နေ့တွင် ရပ်ဘော့၊     (၁၁-၂-၂၀၂၀) ရက်နေ့တွင် နောင်မွန်၊ (၁၃-၂-၂၀၂၀) ရက်နေ့တွင် ကဆန်ခူးနှင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် ဂတ်ထု ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်း သင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများ ကွင်းဆင်း ကုသပေးခဲ့ပါသည်။