Workshop on Private Healthcare Development ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုစနစ်အားပြည်သူလူထုအားလုံးလွှမ်းခြုံမှုပေးနိုင်ရန်ကြိုးပမ်းရာတွင်Public Sector, Private Sector နှင့် EHO, NGO, INGO တို့၏ကဏ္ဍအားလုံးသည် တပြေးညီဖြစ်ထွန်းစေရန် ကုသရေးဦးစီးဌာန၊ ပုဂ္ဂလိကကျန်းမာရေးဌာနခွဲသည် Workshop on Private Healthcare Development ကို (၁၅-၈-၂၀၁၉)ရက်နေ့နှင့် (၁၆-၈-၂၀၁၉) ရက်နေ့တွင် နေပြည်တော် Hotel Max တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ၎င်းအခက်အခဲများအား ဖြေရှင်းရန်နည်းလမ်းများရှာဖွေဖော်ထုတ်ရန်နှင့်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် စီမံချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်