အိတ်ဖွင့်တင်ဒါ ပစ္စည်းအမျိုးအစားများပြင်ဆင်သတ်မှတ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၁၉-၂၀၂၀) ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံ (JICA) အဖွဲ့ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိသော ရန်ကုန်အထူးကုဆေးရုံသစ်ကြီး (New Yangon Specialist Hospital) အတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားရာတွင် ပစ္စည်းအမျိုးအစားများကို အုပ်စုပြောင်းလဲခြင်း၊ Tender Premium များ ပြင်ဆင်ခြင်း၊ Specification များပြင်ဆင်ခြင်းနှင့် လိုအပ်သော Drawing များ ထည့်သွင်းပေးခြင်းတို့ကို ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးခဲ့ပါသည်။