Home Hospitalကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီတာလှ၊ ဒေါက်တာကျော်ဇေယျ၊ ညွှန်ကြားရေးမှူးဒေါက်တာမျိုးသန့်ခိုင်နှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို (၁၅-၁-၂၀၂၀) ရက်နေ့နံနက် (၉:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲ(၁၅:၀၀) နာရီအချိန်တွင် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆေးရုံသန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ Clients’ Satisfaction and Providers’ Satisfaction ရရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ ပဲခူးအောင်သုခဆရာတော်ကြီးနှင့် တပည့်ယောဂီများ ဆောက်လုပ်လှူဒါန်းသည့်     ၄-ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်နေမှုတို့ကို ဆေးရုံအုပ်ကြီးမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ပဲခူးပြည်သူ့ဆေးရုံကြီး၏ ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုချီးကျူးဂုဏ်ယူ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/ သူနာပြု/ဆေးရုံဝန်ထမ်းများ၊ မြို့မိမြို့ဖကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ပါသည်။

            ပဲခူးပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်ချက်များကိုတင်ပြခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့က တင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ဖြစ်သင့်သည်များအား အတက်နိုင်ဆုံးနှင့် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami