တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


• ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၁-၁၂-၂၀၁၉) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီခင်နှင့်အတူ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ (၂၂-၁၂-၂၀၁၉) ရက်တွင် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။


• ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက -ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ
တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။

Leave a Comment