မွန်ပြည်နယ်တွင် Electronic Monthly Implementation Reporting System သင်တန်းပြုလုပ်ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မွန်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၁၇-၁၁-၂၀၁၉) မှ (၁၉-၁၁-၂၀၁၉) အထိ (၃) ရက် တိုင်အောင် Refresher Training ပြုလုပ်ခဲ့ပါသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Japan Heart အဖွဲ့သည် “Human Resources Development Project for Cleft Lip and Palate Center of Myanmar” အနေဖြင့် ဂျပန်နိုင်ငံမှ သွားနှင့်ခံတွင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် (၉-၁၂-၂၀၁၉) ရက်နေ့မှ      (၁၀-၁၂-၂၀၁၉) ရက်နေ့အထိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင် (၃၀၀) တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။

ဂျပန်နိုင်ငံ (JICA) အဖွဲ့ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျှက်ရှိသည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး(NYSH) အတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်း (၆) မျိုး ဝယ်ယူရန် Tender အောင်စာရင်း

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး)အတွက် ဆရာ/ဆရာမများ(၁၈၀-ဦး)အား အသိပညာပေးဆင့်ပွားသင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် (၃-၁၂-၂၀၁၉) ရက်နေ့တွင် အ.ထ.က(၂) ကျိုင်းတုံမြို့ရှိ ဆရာ၊ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွ သွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၂၄၀)ဦးအား လိုအပ်သည့် ဆေးကုသမှု များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။