မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကိုယ်စားလှယ်၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်တို့ မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ … Read more

ရခိုင်ပြည်နယ်တွင် Electronic Monthly Implementation Reporting System မွမ်းမံသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား ရခိုင်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၄-၁၁-၂၀၁၉)မှ (၆-၁၁-၂၀၁၉)ထိ (၃)ရက်တိုင်အောင် မွမ်းမံသင်တန်း ပြုလုပ်ခဲ့ပါသည်။