Home newsWorkshop on Development of Nursing Workforce Plan ကျင်းပခြင်း
Workshop on Development of Nursing Workforce Plan ကျင်းပခြင်း

Workshop on Development of Nursing Workforce Plan ကျင်းပခြင်း

Workshop on Development of Nursing Workforce Plan အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီနှင့် ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ ကိုယ်စားလှယ်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး ၊ တိုင်းဒေသကြီး / ပြည်နယ်ကုသရေးဦးစီးဌာန ၊ တိုင်းဒေသကြီး ပြည်နယ်များရှိဆေးရုံကြီးများ ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ သူနာပြုအကြီးအကဲများ စုစုပေါင်း(၅၀) ဦး တို့ဖြင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၅-၁၀-၂၀၁၉) ရက်နေ့မှ (၂၆-၁၀-၂၀၁၉) ရက်နေ့ထိပြုလုပ်ခဲ့ရာ (၂၅-၁၀-၂၀၁၉) ရက်နေ့ အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်တင်လေး မှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာန ၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြားဝန်ကြီးဌာနရှိ လက်ရှိသူနာပြုဝန်ထမ်း အင်အားများ အပြင် ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုအင်အားများ၏ကိုယ်ရေးအချက်အလက်များ၊ ပညာအရည်အချင်း အချက်အလက်များကို ကောက်ယူ ဆန်းစစ်ပြီး ရရှိလာသော Nursing Workforce ကို အခြေခံပြီး
1.Estimate future workforce needs
2.Analyze the gap between workforce requirements and workforce production by nursing universities and training schools
3.Develop operational plan to balance workforce needs with workforce production တို့ကိုအုပ်စု (၃) ခုခွဲ၍ Group Work ပြုလုပ်ခဲ့ပြီး ရရှိလာသော Workshop Output များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပေးပို့မည်ဖြစ်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami