ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း

ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့် နှင့် ဌာနခွဲစာရေး ဒေါ်ခင်မာထွေးတို့ သည် (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရုံးတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မိုးကောင်းမြို့နယ်ဆေးရုံနှင့် ဝိုင်းမော်မြို့နယ်ဆေးရုံများသို့ Check List နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများကို များကိုပြုလုပ်ခဲ့ပါသည်။

 

ကုသရေးဦးစီးဌာန၊စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင် ၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အောင်၊ ဌာနခွဲစာရေး ဒေါ်ဝါဝါမြင့်နှင့် အကြီးတန်းစာရေး ဒေါ်ငြိမ်းချမ်းလင်း တို့ပါဝင်သောအဖွဲ့သည် (၁၂-၉-၂၀၁၉) ရက်နေ့မှ (၁၄-၉-၂၀၁၉) ရက်နေ့ထိ မွန်ပြည်နယ်၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ သံဖြူဇရပ်နှင့် သထုံဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း များကိုပြုလုပ်ခဲ့ပါသည်။

 

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ လွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထေက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ လက်ထောက်ဆရာဝန် ဒေါက်တာယမင်းထူးနှင့် ဦးစီးအရာရှိ ဒေါ်သက်သက်မြင့် တို့ပါဝင်သောအဖွဲ့သည် (၂၂-၈-၂၀၁၉) ရက်နေ့မှ (၂၄-၈-၂၀၁၉) ရက်နေ့ထိ မကွေး တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ နှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခြင်း၊  နတ်မောက်မြို့နယ်ဆေးရုံနှင့် မင်းဘူးမြို့၊ ပြည်သူ့ဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စောသက်လျာအောင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်တင်အောင်၊ ဌာနခွဲစာရေး ဒေါ်တင်တင်မော်နှင့် ဒေါ်စုနန္ဒာကျော်တို့ လိုက်ပါလျက် (၂၉-၈-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး အပါအဝင် မြို့နယ်ကုသရေးဦးစီးဌာနမှူး အားလုံးနှင့် အတူ ဆွေးနွေးကြပါသည်။ (၃၀-၈-၂၀၁၉) ရက်နေ့တွင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံနှင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံများ သို့  ကွင်းဆင်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

Leave a Comment