Training on Patient Safety ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

           ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ကုသမှုအရည်အသွေးမြှင့်တင်ရေးစီမံချက် မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် – မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအနေဖြင့် မိမိတို့၏ … Read more

ပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေပြည်တော်၊ ဩဂုတ်လ (၉) ရက်   ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေး စီမံချက်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် Advocacy and Workshop on Patient Safety (ပုဂံ) ကို ညောင်ဦးမြို့၊ Bagan Umbra Hotel ၌ ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ … Read more