Medical Certification of Causes of Death (MCCOD) ဆရာဖြစ်သင်တန်းများကိုပြုလုပ်ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Bloomberg Data for Health Initiative အဖွဲ့တို့ပူးပေါင်းပြီး ဆေးရုံဆေးခန်းများတွင် ပြည့်စုံမှန်ကန်တိကျသော သေဆုံးမှုစာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ရရှိရန်နှင့် သေဆုံးမှုအချက်အလက်များကို နိုင်ငံတကာသတ်မှတ်ထားသော စံနှုန်းများနှင့်အညီ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Medical Certification of Causes of Death (MCCOD) ဆရာဖြစ်သင်တန်းများကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်မှ ၂၀ ရက် နှင့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ရက်မှ ၂၃ရက်တို့တွင် Horizon Lake View Hotel၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ သင်တန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်မှ အဖွင့်မိန့်ခွန်းပြောကြားပေးပြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ နှင့် မယ်လ်ဘုန်းတက္ကသိုလ်မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။

သင်တန်းများကို မယ်လ်ဘုန်းတက္ကသိုလ်မှ Dr Saman Gamage၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ  ပါမောက္ခ ဒေါက်တာမျိုးသိုက်ဦး (ပါမောက္ခ/ဌာနမှူး၊ ဥပဒေရေးရာဆေးပညာဌာန) ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းရည်မွန် နှင့် ဗဟိုစာရင်းအင်းအဖွဲ့မှာ ညွှန်ကြားရေးမှူး ဒေါ်နော်ဆာကပေါတို့မှ ဦးဆောင်ပို့ချပေးခဲ့ပါသည်။ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုရှိ ဆေးရုံ(၄၁)ရုံမှ ဆေးရုံအုပ်ကြီးများ၊ ဒုတိယဆေးရုံအုပ်များ၊ မှုခင်းဘက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆရာဝန်စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ MCCOD ဆင့်ပွားသင်တန်းများကိုလည်း သက်ဆိုင်ရာဆေးရုံများတွင် ဆရာဖြစ်သင်တန်းရ ဆရာဝန်များမှ ဆက်လက်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။ ဆေးရုံဆေးခန်းများတွင် သေဆုံးမှုစာရင်းအင်းများ၏ အရည်အသွေး ပိုမိုမှန်ကန်ပြည့်စုံလာစေရန်အတွက် Causes of Death Certificates များ၏ အရည်အသွေးများကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ် ပြုပြင်သွားရမည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်