မသန်စွမ်းမှုအမျိုးအစားနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

မသန်စွမ်းမှုအမျိုးအစားသတ်မှတ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်၏ လုပ်ငန်း တစ်ရပ်ဖြစ်သော မသန်စွမ်းမှုအမျိုးအစားနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်နိုင်ရေး အတွက် မသန်စွမ်းမှုအမျိုးအစားနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၇-၂၀၁၉) ရက်နေ့တွင် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ များနှင့် အထူးကုဆရာဝန်များ၊ အမျိုးသားပြန်လည်သန်စွမ်းရေး၊ ဆေးရုံအုပ်ကြီး၊ မသန်စွမ်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင် UNICEF မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါသည်။

     
အစည်းအဝေးတွင် သဘာပတိ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းရန် လိုအပ်သည်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော မသန်စွမ်းသူများ အဆင်ပြေစွာ ဆေးကုသမှုခံယူရေးအတွက် Disability friendly hospital များ ပေါ်ပေါက်လာရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှတ်ပုံတင်ရေးတွင် အရေးပါ သော လိုအပ်ချက်ဖြစ်သော ဒုတိယအဆင့်နှင့် တတိယအဆင့် မသန်စွမ်းမှု အမျိုးအစား နှင့် အဆင့် သတ်မှတ်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ပူးပေါင်းမှုဖြင့် လုပ်ထုံးလုပ်နည်းများ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲ၍ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသူများက တိုင်းဒေသကြီး/ပြည်နယ်အဆင့် မသန်စွမ်းမှုအမျိုးအစားနှင့် အဆင့်သတ်မှတ်ရေးအဖွဲ့များ ဖွဲ့စည်းရေးနှင့် ဘာသာရပ် အလိုက် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

     

 

Leave a Comment

Bitnami