(၅) ကြိမ်မြောက် မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်
ရန်ကုန်၊ မတ်လ (၂)ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Lotte Hotel၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သော “(၅)ကြိမ်မြောက် မြန်မာနိုင်ငံ နှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ (5th Myanmar Cardiac Society Conference)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာကြသူများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါသည်၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- • မြန်မာနိုင်ငံ နှလုံးရောဂါဆရာဝန် လူငယ်များအတွက် ပြည်တွင်း ပြည်ပမှ ဝါရင့် နှလုံးဆရာဝန်ကြီးများထံမှ အတွေ့အကြုံများကို မျှဝေရရှိနိုင်မည့် အခွင့်အရေးကောင်းကို အတတ်နိုင်ဆုံး ရရှိအောင် ကြိုးစားရယူ ကြစေလိုပါကြောင်း၊ • ယခုညီလာခံ မတက်ရောက်နိုင်သော တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ငယ်များအတွက် ဗီဒီယို Clip များဖြင့် မျှဝေပေးပို့ရန် တိုက်တွန်းလိုပါကြောင်း၊ • … Read more